October 19, 2024

၃. ၁. ၂၀၂၄
Written by KL

ရန်ကုန်တိုင်း​ဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၁) ရပ်ကွက်၊ ကမ်းနားလမ်း ကွန်တိန်နာတင်ယာဥ်ရပ်နားဝင်းတွင် ယနေ့ (ဇန်နဝါရီ ၃ ရက်) နံနက် ၄ နာရီ ၅၀ ခန့်က ရပ်ထား​သော တွဲကားတစ်စီး မီးလောင်ခဲ့ကြောင်း သိရသည်။

ထို​​ဖြစ်စဥ်တွင် မီးလောင်ရခြင်းမှာ ရပ်နားထားသော Howo Sino Truck အဝါရောင်တွဲကား၏ ကားခေါင်းခန်းအတွင်းရှိ ဝါယာကြိုးများ ပေါက်ပြဲ၍ ရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် Howo Sino Truck အဝါရောင်တွဲကား၏ ခေါင်းခန်းနှင့် အနီးရှိ Nissan Diesel အပြာရောင် တွဲကားခေါင်းခန်း အနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုမှာ မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးက ငြှိမ်းသတ်ခဲ့ရကာ အဆိုပါ တွဲကားမီးလောင်မှုနှင့်ပတ်သက်၍ အဝါရောင် တွဲကားမောင်းသူ အသက် ၃၀ အရွယ် အမျိုးသားကို ဗိုလ်တထောင်မြို့မရဲစခန်းမှ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *