October 19, 2024

၂. ၁. ၂၀၂၄

Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈)ရပ်ကွက်၊ ဦးဘဉာဏ်လမ်းရှိ Remember Bar တွင် ယနေ့ ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ စတိတ်စင်ပေါ်ရှိ မီးဆိုင်းကို ဝရိန်ဆော်ရာမှ အသံလုံဖော့များပေါ်သို့ မီးပွားကျ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

​မီးလောင်မှုမှာ ၁၂ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး Base Drum ၁ လုံး၊ DJ စက် ၁ လုံး၊ ဘောက်စ် ၁၀ လုံး၊ အလှမီးများ၊မိုက်ကရိုဖုန်း၊ အသံလုံဖော့၊ ဝါယာကြိုးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၃ဝ ခန့်က မီးငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုကြောင့် ဝရိန်ဆော်သည့် အလုပ်သမားအသက် ၂၅ နှစ်အရွယ် အမျိုးသားကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *