October 19, 2024

၂. ၁. ၂၀၂၄
Written By Thandar

​ကမ်းထရီးစတား ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ မြင့်မြတ်နဲ့ အိန္ဒြာကျော်ဇင်တို့ ပါဝင်ကြတဲ့ အချစ်ဟာသဇာတ်လမ်းပုံစံ “ဂျလေဘီ” ရုပ်ရှင်ဇာတ်ကားကြီး Premier Show ကို ဒီနေ့ ဇန်နဝါရီ ၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဆင်းရဲတဲ့ ရပ်ကွက်မှာမွေးလာပြီး အကုန်လုံးက ကြောက်ရတဲ့ ရပ်ကွက်ရဲ့ ဇိုးလူမိုက်။ စကားကြီး စကားကျယ်တွေ ပြောတတ်တဲ့ ဂျလေဘီ နေရာ မြင့်မြတ်က သရုပ်ဆောင်ထားတယ်။ အူဝဲကတော့ မိတဆိုးလေးမို့ အဖေရဲ့ အလိုလိုက်ခံရတဲ့ သူဌေးသမီးမာနခဲလေး သီရိပုံစံလေး ဇာတ်အိမ်ဖန်တီးထားတာပါ။ ဒီကားရိုက်ထားတာ ၂၀၁၉ ခုနှစ်တုန်းက ရိုက်ထားတဲ့ ဇာတ်လေးမှာ ဟာသဇာတ်မြူးလေးအနေနဲ့ ဖန်တီးထားတဲ့ကားလေးမို့ ပရိသတ်တွေ အကြိုက်တွေ့စေမှာမို့ လာရောက်အားပေးကြပါ”လို့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ညာလက်တော်၊ ဇာတ် ညွှန်း မင်းကိုစိုး(နတ်သံကွင်း)တို့က ရေးသားထားပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင် မြင့်မြတ်၊ အိန္ဒြာကျော်ဇင် ၊ ရန်အောင် ၊ မေသဉ္ဇာဦးး၊ ခင်လှိုင်၊ ဂွမ်းပုံ တို့နဲ့အတူ အခြားအနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။

“ဂျလေဘီ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီ ၅ ရက်မှာမြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်နက် ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *