October 19, 2024

၃. ၁. ၂၀၂၄
Written by Nay Moe

KNU က လုပ်ငန်းရှင်တစ်ဦးထံကနေ ကျပ်သိန်း ၁၀၀၀ ဆက်ကြေးတောင်းခံတဲ့စာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

ဒီဇင်ဘာ ၃၁ ရက် ရက်စွဲနဲ့ KNU က ဆက်ကြေးတောင်းခံတဲ့စာမှာ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ မြဝတီမြို့မှာ အခြေချလုပ်ကိုင်နေတဲ့ ရတနာအောင်အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ကို KNU ကရင့်လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးဌာနချုပ်၊ KTLA ကော်သူလေးအဖွဲ့နဲ့ အခြားတပ်ပေါင်းစုအားလုံးအတွက် လိုအပ်တဲ့ စားဝတ်နေရေးဆေးဝါးနဲ့ အခြားလိုအပ်ချက်အတွက် KNU၊ KTLA နဲ့အခြားတပ်ပေါင်းစုအားလုံး ဆုံးဖြတ်ချက်အရ ကျပ်သိန်း ၁၀၀၀ ကို သတ်မှတ်ရက်မှာပေးဖို့ တောင်းခံတာပါ။

ဒီဆက်ကြေးတောင်းခံစာမှာ တပ်နဲ့ B.G.F ကို တိုင်ကြားရင် ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးကို လုံးဝ(လုံးဝ) တာဝန်မယူဘူးလို့ ခြိမ်းခြောက်ထားတဲ့အပြင် လက်ရေးနဲ့လည်း ဆိုင်ရှင်အမကိုယ်တိုင် မနက်ဖြန်မနက် (၁. ၁. ၂၀၂၄) မနက် ၁၁ နာရီမှာ ဆက်ကြေးငွေ သိန်း ၁၀၀၀ ကို ဖုန်းနံပါတ် 09681015945 ကို ဆက်သွယ်ပြီးပေးဖို့ စစ်ကြောင်းမှူးစောအဲ့ကော်လက်မှတ်နဲ့ ထွက်ပေါ်လာတာပါ။

အရင်ကလည်း KNU/KNLA ဟာ ပြည်သူလူထုအပေါ် ဆက်ကြေးကောက်ခံတဲ့သမိုင်းကြောင်းရှိခဲ့သလို လက်ရှိ ဆက်ကြေးကောက်ခံမှုနဲ့ပတ်သက်ပြီးဖော်ပြထားတဲ့ 09681015945 နံပါတ်ကို MT News က ဆက်သွယ်ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီနေ့လယ်မှာတော့ သူတို့ဟာ ရတနာအောင် အိမ်ဆောက်ပစ္စည်းဆိုင်က ဆက်ကြေးမကောက်ခဲ့ကြောင်း ငြင်းဆိုသွားသလို ဆက်ကြေးကောက်သူလည်း ဖော်ထုတ် အရေးယူမယ်လို့ ပြောလာတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *