October 19, 2024

၃. ၁. ၂၀၂၄
Translated by Htwe Ko Tun

မြန်မာအစိုးရက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြသော မြန်မာ့တပ်မတော်သားများအား ပြန်လည်ခေါ်ယူကယ်ဆယ်ရန် လေယာဉ်တစ်စီးကို မီဇိုရမ်ပြည်နယ်သို့ ဇန်နဝါရီ ၃ ရက်က စေလွှတ်ခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်သားများမှာ မြန်မာနိုင်ငံဘက်တွင် အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ကာ နယ်စပ်အနီးရှိ ၎င်းတို့၏စခန်းမှ မီဇိုရမ်ပြည်နယ် လွမ်လိုင်ခရိုင်အတွင်းသို့ ဒီဇင်ဘာ ၂၉ ရက်တွင် နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာကြခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်အတွင်းရောက်ရှိလာခဲ့သော မြန်မာ့တပ်မတော်သား ၁၅၁ ဦးကို ဇန်နဝါရီ ၃ ရက်တွင် မိခင်နိုင်ံငံသို့ ပြန်လည်ပို့ပေးသွားမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ၎င်းက “သူတို့ကို မီဇိုရမ်ပြည်နယ်မြို့တော် Aizawl မြို့ရှိ လန်ပူ‌လေဆိပ်ကနေ ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို မြန်မာ့တပ်မတော်(လေ)ရဲ့လေယာဉ်နဲ့ နှစ်ခေါက်ပျံသန်းပြီး ပြန်ပို့ပေးသွားမှာပါ။ ဒီ လေဆိပ်နှစ်ခုအကြား ပျံသန်းချိန်က တစ်နာရီလောက်ရှိမှာပါ” ဟု ပြောကြားသွားခဲ့သည်။

မြန်မာ့တပ်မတော်သားများကို မီဇိုရမ်ပြည်နယ်အတွင်းမှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပို့ပေးခြင်းက နိုဝင်ဘာ ၁၃ ရက်မှစ၍ ဇန်နဝါရီ ၃ ရက် ပြန်လည်ပို့ပေးမှုအပါအဝင် လေးကြိမ်ရှိသွားပြီဖြစ်သည်။ မီဇိုရမ်ပြည်နယ်နှင့်နယ်နိမိတ်ထိစပ်နေသော မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်း မြန်မာတပ်ဖွဲ့များက တိုက်ပွဲများ၌အရေးနိမ့်မှုများတွင် မီဇိုရမ်ပြည်နယ်အတွင်းဆုတ်ခွာဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။

မီဇိုရမ် ပြည်နယ်၏ ခရိုင် ၁၁ ခုအနက် ခြောက်ခုက မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းဆက်စပ်နေပြီး ချမ်ပိုင်၊ ဆီယာဟာနှင့်လွမ်လိုင်ခရိုင်များအတွင်းသို့ ယခင်ကလည်း မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်များ ရှောင်တိမ်းဝင်ရောက်လာခဲ့ကြဖူးသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက မီဇိုရမ်ပြည်နယ်အတွင်းသို့ သုံး​ကြိမ်တိုင် ရောက်ရှိလာခဲ့သော မြန်မာတပ်ဖွဲ့ဝင် ၁၀၄ ဦးကိုလည်း အိန္ဒိယလေတပ်မှ ရဟတ်ယာဉ်များဖြင့် မြန်မာနိုင်ငံ တမူးမြို့သို့ ပြန်ပို့ပေးခဲ့သည်ဟု သိရသည်။

Ref——-Telegraphindia

Leave a Reply

Your email address will not be published. Required fields are marked *