October 19, 2024

၃. ၁. ၂၀၂၄
Written by Hey Mar

အဆင့်မြင့်နည်းပညာသုံး On- Site ရေဆိုးသန့်စင်မှုစနစ် သုတေသနပြုလုပ် အောင်မြင်တာကြောင့် လက်တွေ့အသုံးပြုနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတားအနီးမှာ စက်ရုံနဲ့ ကန်ကို အခုနှစ်ထဲမှာ တည်ဆောက်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

လက်ရှိတည်ဆောက် အသုံးပြုမယ့်နည်းစနစ်ကို မြစ်နား ချောင်းနားနီးတဲ့ ဒေသက မြို့နယ်တွေတိုင်းမှာ တည်ဆောက်သွားမှာဖြစ်ပြီး သဘာဝအတိုင်းဇီဝဖြစ်စဉ်တွေကို ပြိုကွဲစေတဲ့နည်းကို အသုံးပြု သန့်စင်ကာ မြစ်ချောင်းတွေထဲ ပြန်န်လည်စွန့်ပစ်သွားမှာလို့ သိရပါတယ်။ အိမ်တွေကနေ စွန့်ထုတ်လိုက်တဲ့ မိလ္လာနဲ့ ရေဆိုးတွေကို Vacuum Truck တွေနဲ့ သယ် ဆောင်ကာ Wastewater Treatment Plant ထဲသို့ စွန့်ထုတ်စုဆောင်းပြီး နေရောင်နဲ့ အ‌ခြောက်ခံတဲ့ Sun-dried Tank ထဲ ပို့လွှတ်မှာဖြစ်ပါတယ်။ အဲဒီကနေ အမှိုက်စုဆောင်းကန်ထဲ ခွဲခြားစစ်ထုတ်ပြီး သန့်စင်တဲ့ရေအဖြစ် မြစ်ချောင်းတွေထဲ စွန့်ထုတ်မှာလို့ အဆိုပါဌာနမှ ဦးစီးအရာရှိက ရှင်းပြပါတယ်။

ဦးစီးအရာရှိ ဦးဇော်မင်းထွဋ်က “ကျွန်တော်တို့ ဒီပရော့ဂျက်ကို မစတင်မီ ၂၀၂၂ ခုနှစ်ကတည်းက 10m3 ရှိတဲ့ Small Scale On-Site Wastewater Treatment Plant ကိုဗိုလ်တထောင်သန်လျှက်စွန်းဘက်မှာ သုတေသနတွေပြုလုပ်နေတာပါ။ အခု အင်းစိန်အောင်ဇေယျမှာ တည်ဆောက်မယ့်ကန်က 100m3 ရှိပါတယ်။ အဲဒီကန်ပြီးသွားရင် အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ လှိုင်မြို့နယ် အပါအဝင် ၄ မြို့ကိုဝန်ဆောင်မှုပေးနိုင်မှာပါ။ မိဘပြည်သူတွေအနေနဲ့ကလည်း မိလ္လာကားတွေနဲ့ စုပ်ထုတ်သန့်စင်ရာမှာ ကိုယ့်မြို့နယ် အနီးတစ်ဝိုက်မှာတင်စွန့်ထုတ်တဲ့ စနစ်ရှိနေတဲ့အတွက် နှုန်းထားတွေအားဖြင့်လည်း အများကြီးသက်သာသွားမှာဖြစ်သလို ရေထုတ်မြောင်းတွေထဲ ဖောက်ထုတ်တာမျိုးတွေကိုပါလျော့ကျသွားမှာမို့ ရပ်ကွက်နေ လူနေမှုစနစ်လည်း ပိုမိုပြောင်းလဲလာမယ်လို့ မှတ်ချက်ပြုလို့ရပါတယ် “လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့ ၃၃ မြို့နယ်ရဲ့ ရေဆိုးစွန့်ပစ်မှု မိလ္လာပြွန်စနစ်က လေဖိအားသုံးမိလ္လာတွန်းအိုး ၃၅ လုံး၊ လေမှုတ်စက်ရုံ နှစ်ရုံ ၊ ရေဆိုးသန့်စင်စက်ရုံ တစ်ရုံနဲ့ ၁၈၉၀ ဝန်းကျင်က စနစ်ဟောင်းကို သုံးစွဲနေဆဲဖြစ်ကာ ဝန်နဲ့ အား မမျှတာ၊ မြို့နယ်တိုင်းက ဝန်ဆောင်မှုကို ရယူနိုင်ဖို့ ခက်ခဲတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *