October 19, 2024

၃. ၁. ၂၀၂၄
Translated by Htwe Ko Tun

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဟာနယ်လ်ဒါအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဂျပန်လေကြောင်းလိုင်း(JAL)မှ A-350 လေယာဥ်တစ်စီးနှင့် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှလေယာဥ်တစ်စီးတို့ ဒီဇင်ဘာ ၂ ရက် ညနေ ၅ နာရီ ၄၇ မိနစ်တွင် တိုက်မိခဲ့ခြင်း၌ ကမ်းခြေစောင့်တပ်ဖွဲ့၏ DHC8-300 လေယာဥ်ပေါ်တွင် လိုက်ပါလာသူခြောက်ဦးအနက် ငါးဦးသေဆုံးခဲ့ကြောင်းနောက်ဆုံးသတင်းများက အတည်ပြုခဲ့သည်။

လေယာဥ်တိုက်မိမှုဖြစ်ပွားအပြီး ဂျပန်လေကြောင်းလိုင်းလေယာဥ်မှာ လေယာဥ်တစ်စင်းလုံးနီးပါးမီးလောင်ကျွမ်းခဲ့ပြီးနောက် မီးကိုထိန်းချုပ်နိုင်ရန် ရှစ်နာရီခွဲခန့်ငြှိမ်းသတ်ခဲ့ရသော်လည်း လေယာဥ်ပေါ်လိုက်ပါလာသည့် လေယာဥ်ဝန်ထမ်းနှင့် ခရီးသည် ၃၇၉ ကို ကယ်ဆယ်နိုင်ခဲ့ပြီး ခရီးသည် ၁၄ ဦးသာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။

လေယာဥ်တိုက်မိမှုဖြစ်ပွားခဲ့ရသော ကမ်းခြေစောင့်တပ်ဖွဲ့ ၏လေယာဥ်က ဂျပန်နိုင်ငံ၊ ဟွန်ရှုးကျွန်းအနောက်ဘက် ကမ်းရိုးတန်း၌ ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်ခဲ့သောမြေငလျင်ဘေးဒုက္ခသည်များကို ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ရန် လေဆိပ်မှစတင်ထွက်ခွာလာခြင်းဟု သိရသည်။သို့သော်၎င်းက လေယာဥ်ချင်းတိုက်မိချိန်တွင် လေယာဥ်ပြေးလမ်းပေါ်သို့ ရောက်ရှိနေခြင်းရှိမရှိ အတိအကျမပြောကြားခဲ့ပေ။ ဂျပန်လေကြောင်းလိုင်းကမူ ၎င်း၏လေယာဥ်မှာ လေ ယာဥ်ကွင်းသို့ ဆင်းသက်ခွင့်ရယူပြီးမှ ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

လေယာဥ် တိုက်မိမှုနှင့်မီးလောင်မှုဖြစ်ပွားအပြီး JAL က ဟာနယ်လ်ဒါလေဆိပ်သို့နှင့် ၎င်းလေကြောင်းလိုင်း၏ ဇန်နဝါရီလ ၃ ရက်တွင် ပျံသန်းမှုခရီးစဥ် ၄၄ ခုကို ဖျက်သိမ်းခဲ့ပြီး All Nippon Airways ကလည်း အလားတူ ဟာနယ်လ်ဒါလေဆိပ်သို့ ပြည်တွင်းပြည်ပပျံသန်းမှုခရီးစဥ်များကို ဇန်နဝါရီ ၃ ရက်အတွက် ဖျက်သိမ်းခဲ့ကြသည်။

Ref——Kyodo News

Leave a Reply

Your email address will not be published. Required fields are marked *