October 19, 2024

၃. ၁. ၂၀၂၃
Written by Pan Ei

မြန်မာနိုင်ငံဟာ ၂၀၂၃ ဧပြီလ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အတွင်း သဘာဝဓာတ်ငွေ့ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၆ ဘီလျံကျော် ရရှိခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ သိရပါတယ်။

ဒီနိုင်ငံခြားဝင်ငွေအတွက် အဓိကပံ့ပိုးပေးတဲ့ ရင်းမြစ်တွေကတော့ ကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု စီမံကိန်းလေးခုဖြစ်တဲ့ ရတနာပုံ၊ ရေတံခွန်၊ ရွှေနဲ့ ဇောတိကတို့က ဖြစ်ကြပါတယ်။

အဆိုပါကာလအတွင်း သဘာဝဓာတ်ငွေ့ တင်ပို့မှုကြောင့် ရရှိတဲ့ဝင်ငွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား၀င်ငွေ ရရှိမှုမှာ ဒုတိယနေရာ ရပ်တည်နိုင်ခဲ့ပြီး ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကျော် အမြတ်ငွေ ရရှိတဲ့ အထည်အချောတင်ပို့မှုနောက်မှာ လိုက်ပါလာခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအတွင်း ထိုင်း၊ တရုတ်နဲ့ ဂျပန်တို့ဟာ မြန်မာနိုင်ငံက ဓာတ်ငွေ့အများဆုံးပို့လွှတ်ခဲ့တဲ့ ထိပ်ဆုံး သုံးနိုင်ငံအဖြစ် ရပ်တည်နေတယ်လို့လည်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Ref; Xinhua

Leave a Reply

Your email address will not be published. Required fields are marked *