October 19, 2024

၃. ၁. ၂၀၂၃
Written by Nay Moe

သားအဖနှစ်ဦးကို PDF ၁၀ ဦးက သတ်ဖြတ်ကာ ရွှေ၊ ငွေ ဆိုင်ကယ်များနှင့် ဖုန်း အပါအဝင် ပစ္စည်းများ သိန်း ၆၀၀ ဖိုးခန့် လုယက်သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၃၁ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာနေ ဦးကျော်မင်း (၅၈)နှစ်နှင့် ၎င်း၏သားဖြစ်သူ ကိုစိုးသူ (၃၇)နှစ်တို့အား PDF ၁၀ ဦးခန့်မှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကာ ၎င်းတို့ပိုင်ပစ္စည်းများအား လုယက်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးကျော်မင်းအား ဦးခေါင်းဝဲဘက် ပွင့်ထွက်ဒဏ်ရာ တစ်ချက်ဖြင့်လည်းကောင်း၊ ကိုစိုးသူအား ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ကျောမှကျည်ဖောက်ဝင်ပြီး ရင်ဘတ်ဖောက်ထွက်ဒဏ်ရာတစ်ချက်တို့ဖြင့်လည်းကောင်း နေအိမ်အတွင်း သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဦးကျော်မင်းနှင့် ကိုစိုးသူတို့သားအဖနှစ်ဦးသည် ဒီဇင်ဘာလ ၃၀ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် နေအိမ်၌ရှိနေစဉ် PDF ၁၀ ဦးခန့် ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကာ ၎င်းတို့ပိုင်ဆိုင်သည့် ဆိုင်ကယ်ခြောက်စီး၊ ဖုန်းမျိုးစုံ ၁၅ လုံး၊ ရွှေဆွဲကြိုး ခုနစ်ကုံး၊ ရွှေလက်စွပ်သုံးကွင်း၊ ငွေကျပ်ရောရာ ကျပ်သိန်း ၅၀ ခန့် (စုစုပေါင်းခန့်မှန်း တန်ဖိုး ၅၇,၉၀၀,၀၀၀ ကျပ်ခန့်)တို့အား လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်အား တာဝန်ရှိသူများက စိစစ်နေသော်လည်း မြင်းခြံ၊ တောင်သာနယ်တကြောသည် PDF အဖွဲ့ ရာဂဏန်းခန့်ရှိနေသဖြင့် မည်သည့်အဖွဲ့က ကျုးလွန်သည်ကို သိရှိရမှု မရှိသေးကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *