October 19, 2024

၂. ၁. ၂၀၂၄
Written By Thandar

လူတွေကို ကံကောင်းစေနိုင်မယ့် တန်ဖိုးကြီးအစွမ်းကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးတစ်ယောက်ရဲ့ အချစ်ဟာသဇာတ်လမ်းပုံစံ “လာဘ်ကောင်း”ဇာတ်လမ်းတွဲကို ယခု ဇန်နဝါရီလအတွင်း Mahar Application မှာ ပြသနေပြီဖြစ်ပါတယ်။

“လာဘ်ကောင်းဇာတ်လမ်းတွဲက ဟာသဇာတ်လမ်းတွဲ ပုံစံမျိုးပါ။ ဇာတ်လမ်းတွဲကောင်းတွေကို ရသစုံလင်စွာ နဲ့ ချစ်တဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးနေတဲ့ Mahar ကနေ အပိုင်း ၁ ကို အခမဲ့ကြည်ရှု့လို့ရအောင်တင်ပေးထားပါပြီ။ ကျွန်တော်ရယ် ဦးခင်လှိုင်နဲ့ ကိုမြင့်မြတ်ရယ် ပါဝင်တဲ့ သရုပ်ဆောင်အားလုံးဆီက ရယ်မောစရာခံစားချက်ရသကို ရရှိမှာပါ။ ဒီဇာတ်လမ်းတွဲကို ကြည့်ရှုပြီး လိုအပ်ချက်တွေ ဝေဖန်ထောက်ပြပေးပါဦး ”လို့ သရုပ်ဆောင် လွှမ်းပိုင်က ပြောပါတယ်။

လာဘ်ကောင်း ဇာတ်လမ်းတွဲက လူတိုင်းအပေါ် စိတ်ရင်းစေနာနဲ့ ကူညီပေးလေ့ရှိတဲ့ လပ်ကီး(ခ) မြင့်မြတ်ရဲ့ မွေးရာပါကံကောင်းမှုတွေနဲ့အတူကံကောင်းခြင်းအပေါ် အသုံးချခံရမှုတွေကို ကြုံတွေ့ရမယ့် ဇာတ်လမ်းပုံစံကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ကရိုက်ကူးထားတာဖြစ်ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ်၊ လွှမ်းပိုင်၊ ခင်လှိုင်၊ နန်းခင်ဇေယျာ၊ ထွန်း ပုလဲရတနာ ၊ သင်ဇာနဲ့တခြား သရုပ်ဆောင် များစွာက ပါဝင်ထားကြပါတယ်။

လာဘ်ကောင်းဇာတ်လမ်းတွဲ အပိုင်း(၁)ကို Mahar App HD qualityနဲ့ အခမဲ့ ကြည့်ရှုနိုင်ပြီး အထူး Promotion အနေနဲ့ “မဟာမှာဇာတ်ကားကြည့်ရင်းအချစ်ဗေဒင်မေး” အစီအစဉ် ၊ “မဟာ App မှာဇာတ်ကားကြည့်ရင်းဗေဒင်မေး” အစီအစဉ် အပြင်“မဟာ Appမှာဇာတ်ကားကြည့်ရင်း အနုပညာရှင်တွေနဲ့ညစာစားခွင့်ကံစမ်းမယ်” အစီအစဉ်တွေကိုလည်း ဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။

လာဘ်ကောင်းဇာတ်လမ်းတွဲကို ဇန်နဝါရီ ၄ ရက် ည ၇ နာရီကစ တနင်္လာကနေ သောကြာ‌နေ့အထိ Fortune TV ကလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *