October 19, 2024

၂. ၁. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဉာဏ်ကို ပျုစောထီး(ပြည်သူ့စစ်) ခေါင်း​ဆောင်ဟုဆိုကာ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) က ထုတ်ပြန်သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးမောင်ဉာဏ်ကို ပျူစောထီးခေါင်းဆောင်ဟုဆိုကာ ဂန့်ဂေါ်ပင်ရွာနှင့် ဗိုလ်တထောင်ကျေးရွာကြား၌ လက်နက်မဲ့တစ်ဦးတည်းလာချိန် သာယာဝတီ PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ(၃)နှင့် တပ်ခွဲ (၂)ရဲဘော်များ ပူးပေါင်း၍ ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီခန့်တွင် လမ်းမှစောင့်ကြို၍ သေနတ်ဖြင့် ငါးချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားသော အုပ်ချုပ်ရေးမှူးဦးမောင်ဉာဏ်ကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ယင်းနေ့(ဒီဇင်ဘာ ၃၁)ည ၉ နာရီတွင် ဆေးရုံကြီး၌ သေဆုံးသွားခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ဖော်ပြထားပြီး ဦးမောင်ဉာဏ်သည် ပျုသင်တန်းတက်ထားသော ပျုခေါင်းဆောင်ဖြစ်ကြောင်း၊ လူငယ်များအား ရဲနှင့် စစ်တပ်ထဲဝင်ရန် စည်းရုံး၍ ပျူစောထီးအဖွဲ့ ဖွဲ့စည်းကာ အင်အားစုဆောင်းပေးကြောင်း၊ တော်​လှန်​ရေးရဲ​ဘော်​များ၏ သတင်းများ​ထောက်​လှမ်း​ပေးပို့ကြောင်း စသည်အချက်များကြောင့် သတ်ဖြတ်သည်ဟုလည်း တပ်ရင်း (၃၈၀၂)က ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *