October 19, 2024

၂. ၁. ၂၀၂၄
Translated by Htwe Ko Tun

ကမ္ဘာတစ်ဝန်း စစ်ပွဲတွေ၊ ပဋိပက္ခတွေ၊ တင်းမာမှုတွေနဲ့ပြည့်နှက်နေခဲ့တဲ့ ၂၀၂၃ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၄ ခု့နှစ်ကို ကူးပြောင်းရောက်ရှိလာချိန်မှာတော့ ကမ္ဘာသူကမ္ဘာသားတွေအဖို့လည်း ဆိုးရွားလှတဲ့နှစ်ဟောင်း အခြေအနေကိုလွန်မြောက်ပြီး နှစ်သစ်မှာ ဘာတွေဖြစ်လာနိုင်မလဲ စိတ်ဝင်စားလာကြမှုနဲ့အတူ၊ အရင်တုံးကလည်း ဒီလိုပဲခန့်မှန်းချက်တွေ မှန်ကန်ခဲ့တဲ့ ရှေ့ဖြစ်ကို ကြိုတင်ဟော ပြောခန့်မှန်းကြတဲ့ပညာရှင်တွေရဲ့ ဟောပြောချက်တွေကို အလေးထားလာကြတာ တွေ့နေရပါတယ်။ သူတို့ထဲမှာ ပြင်သစ်နိုင်ငံက နော့စထရာဒါးမတ်စ်(Nostradamus) ဆိုတဲ့ ပြင်သစ် နက္ခတ‌‌ဗေဒပညာရှင်၊ ဆေးဝါးဖော်စပ် ရောင်းချသူ၊ သမားတော်နဲ့ အများကလက်ခံကြတဲ့ရှေ့ဖြစ်ဟောဆရာတစ်ဦးလည်း ပါဝင်တာတွေ့ရမှာပါ။

အမည်ရင်းကတော့ Michel de Nostredame လို့ သိကြတဲ့ Nostradamus ရဲ့ ဖခင်ဖြစ်သူမိသားစုက ဂျူးမျိုးနွယ်ပါ။ ဒါပေမယ့် Nostradamus ကို ၁၅၀၃ ခုနှစ်မှာ မွေားခြင်းမပြုမီမှာဘဲ ကက်တလစ်ခရစ်ယန် ဘာသာကူးပြောင်းခဲ့ကြပါတယ်။ ၁၅၆၆ ခုနှစ်မှာ မကွယ်လွန်မီ Nostradamus ဘဝမှာ စာအုပ်တွေလည်းရေးသားခဲ့တဲ့အထဲ ၁၅၅၅ ခုနှစ်မှာ ရေးသားပုံနှိပ်ထုတ်ဝေခဲ့ပြီး၊ အနာဂတ်ဖြစ်ရပ်တွေကို လေးကြောင်းတစ်ပိုဒ်ကဗျာ ၉၄၂ ခုနဲ့စုစည်းထားတဲ့ Les Propheties စာအုပ် ထုတ်ဝေအပြီးမှာတော့ သူ့ကို ရှေ့ဖြစ်ဟောဆရာတစ်ဦးအဖြစ် လူသိများလက်ခံလာကြတာပါ။

လွန်ခဲ့တဲ့ နှစ် ၅၀ မပြည့်မီထဲက ကြိုတင်ခန့်မှန်းရေးသားခဲ့တဲ့ သူ့ရဲ့စာအုပ်မှာ ခန့်မှန်းချက်တွေဖြစ်တဲ့ အမေရိကန် သမ္မတ ဂျွန်အက်ဖ် ကနေဒီ လုပ်ကြံခံရမှု၊ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု‌ကြီးဖြစ်ပွားမှုနဲ့ ကိုရိုနာ ဗိုင်းရပ်ကပ်ရောဂါဆိုးဖြစ်ပွားမှု တို့က မှန်ကန်တဲ့ခန့်မှန်းချက်တွေလို့ဆိုပါတယ်။

၂၀၂၃ ခုနှစ်အတွက်ဆိုရင်လည်း ကမ္ဘာအနှံ့စီးပွားရေးပျက်ကပ်ဖြစ်ပွားကာ ဂျုံစတဲ့စားသောက်ဖွယ်တွေလည်းဈေးတက်လာမယ်လို့ Nostradamus က သူ့ရဲ့စာအုပ်မှာခန့်မှန်းခဲ့တာပါ။ မှတ်တမ်းပြုချက်တွေအရဆိုရင်လည်း Nostradamus ရဲ့ အနာဂတ်ခန့်မှန်းချက်တွေက ၇၀ ရာခိုင်နှုန်းမှန်ကန်တယ်ဆိုပြန်တာကြောင့် သူ့ရဲ့ ၂၀၂၄ ခုနှစ်အတွက်ခန့်မှန်းချက်တွေကိုလည်း နှစ်သစ်အကူးမှာဖော်ပြလာပြန်ပါတယ်။

Nostradamus က ၂၀၂၄ ခုနှစ်အတွင်း ရေလွှမ်းမိုးမှု၊ ဆူနာမီ စတဲ့ သဘာဝဖြစ်ရပ်ဆိုးကြီးတွေ ကမ္ဘာအနှံ့ ဖြစ်ပွားလိမ့်မယ်လို့ ပထမဆုံးခန့်မှန်းခဲ့တာပါ။

တစ်ခါ ဒုတိယခန့်မှန်းချက်မှာတော့ သူက တရုတ်နိုင်ငံနဲ့ ရေကြောင်းဆိုင်ရာထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်မယ်လို့ခန့်မှန်းခဲ့တာပါ။ လက်တွေ့မှာလည်း တရုတ်က သူ့ရဲ့ရေတပ်အင်အားကို အသုံးပြုပြီး တောင်တရုတ်ပင်လယ်နဲ့ တိုင်ဝမ်ပင်လယ်ကွေ့တို့မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအဖြစ် အင်အားပြလာတာကို ရင်ဆိုင်နေကြရတာပါပဲ။

တတိယခန့်မှန်းချက်မှာတော့ Nostradamus က ဗြိတိန် ရဲ့ ချားလ်စ်ဘုရင်ဟာ အငြင်းပွားမှုတွေနဲ့ရင်ဆိုင်ရပြီးနောက် တော်ဝင်မိသားစုက ထုတ်ပယ်ခံရမယ်။ သူ့နေရာကို အစားထိုးပြီး သူဟာ ဘုရင်အဖြစ်အသိအမှတ်ပြုခံရတော့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

စတုတ္ထခန့်မှန်းချက်မှာတော့ ပုပ်ရဟန်းမင်းကြီးအသစ်ဖြစ်မယ်ဆိုပြန်ပါတယ်။ လက်ရှိပုပ်ရဟန်းမင်းကြီးကလည်း အသက် ၈၀ ကျော်လွန်လာခဲ့ကာ မကြာသေးမီကပဲ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် Nostradamus ခန့်မှန်းသလို ပုပ်ရဟန်းမင်းကြီးအသစ်နဲ့အစားထိုးဖို့ဆိုတာ ဒီနှစ်ထဲမှာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

၂၀၂၄ ခုနှစ်နဲ့ပတ်သက်လို့ Nostradamus ရဲ့ အခြားသောခန့်မှန်းချက်တွေကတော့ သဲကွဲမှုမရှိတာတွေနဲ့ ယနေ့ခေတ်နဲ့ဆိုရင်ကိုက်ညီဆီလျော်မှုမရှိတာတွေလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွက် အွန်လိုင်းမှာလည်း ပျံနှံ့လာတဲ့ ပြင်သစ်ရှေးဖြစ်ဟောဆရာ Nostradamus ရဲ့ လွန်ခဲ့တဲ့ နှစ် ၅၀၀ မတိုင်မီ ကဟောချက်တွေက ဘယ်လောက်အထိမှန်ဦးမလဲ၊ သိပ်မကြာခင် အကဲဖြတ်နိုင်ကြရမှာပါ။

Ref-WION

Leave a Reply

Your email address will not be published. Required fields are marked *