October 19, 2024

၂. ၁. ၂၀၂၄
Written By Thandar

လက်ရှိ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ စကားလုံးတွေပြောတတ်တဲ့ သရုပ်ဆောင်ဆောင်းအိန္ဒြေထွန်း(ခ) မမဆောင်းကတော့ ဒီနေ့မနက်ပိုင်းမှာ နှစ်သစ်ဦးအလှူအဖြစ် ရန်ကုန်မြို့က သစ်တံခါးဘုန်းကြီးကျောင်းနဲ့ လူအယောက် ၆၀၀ စာအလှူငွေတွေ လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။

“အလှူလေးကတော့ မမဆောင်းကို ချစ်ခင်လို့ ကြော်ငြာရိုက်ကူးခွင့်ရတဲ့ အနုပညာကြေးတွေ တချို့ကို လှူဖြစ်တယ်။ မမဆောင်းကတော့ တကယ်လိုအပ်နေတဲ့နေရာတွေကို ကိုယ်တတ်နိုင်သလောက်ကတော့ အမြဲလှူဖြစ်ပါတယ်။ ခုကတော့ သစ်တံခါးဆရာတော်ဘုရားကျောင်းမှာ လူအယောက် ၃၀၀ ကျော်အတွက် အလှူငွေလေးလှူဖြစ်ခဲ့တယ်။ နောက် စူးသျှမီနီမတ် (အလုံ)အရှေ့မှာ လူအယောက်၂၀၀ ကျော် ငွေဖြည့်ကတ်အလှု ပါဝင်လှုဒါန်းပေးပါတယ်။ နှစ်သစ်ဦးအတွက် အလှူအတန်းလေးတစ်ခု လှူခွင့်ရလို့လည်း ပီတိဖြစ်ရပါတယ်။ ဒီလှူဒါန်းမှုကို ၇ ရက်သားသမီးများ ကုသိုလ်တွေထပ်တူရရှိပါစေ”လို့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း(ခ)မမဆောင်းက ပြောပါတယ်။

အဆိုပါ အလှူအတွက် မမဆောင်းတို့အဖွဲ့က ဒေါက်တာ အောင်ကျော်မိုး၊ စူးသျှ မီနီမာကတ်၊ မသိင်္ဂီဇော်၊ စုချစ်ဇော်တို့လည်း ပါဝင်လှူဒါန်းခဲ့ကြတာလည်းဖြစ်ပါတယ်။ မမဆောင်းကတော့ လက်ရှိ ကြော်ငြာတွေအပြင် ဇာတ်လမ်းတွဲတချို့လည်း ရိုက်ကူးနေလျှက်ရှိသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *