October 19, 2024

၂. ၁. ၂၀၂၄
Written by Hey Mar

အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦး နေအိမ်တိုက်ခန်း ၅ လွှာကနေ ပြုတ်ကျပြီး ဆေးရုံတင်ပို့စဉ် သေဆုံးသွားတဲ့ ဖြစ်စဉ် ဒီကနေ့ ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တာမွေကြီး(က+ဂ)ရပ်ကွက် ဗညားဒလလမ်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါအမျိုးသမီးကို ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနကို ပို့ဆောင်နေစဉ်မှာ ရရှိထားတဲ့ဒဏ်ရာတွေကြောင့်သေဆုံးခဲ့တာလို့ ဖြစ်စဉ် သွားရောက်ကူညီပေးခဲ့တဲ့ မြန်မာမွတ်စလမ် ပရဟိတအသင်းထံကနေ သိရပါတယ် ။

သက်ဆိုင်ရာတာဝန်ရှိတွေ ရုပ်အလောင်းကို စစ်ဆေးအတည်ပြုနိုင်ဖို့ အဆိုပါအသင်းကပဲ ဆေးရုံကြီးရင်ခွဲရုံဆီ ဆက်လက်ပို့ဆောင်ပေးခဲ့ပြီး ရင်ခွဲရုံက PR-017 နဲ့ လက်ခံထားရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – မြန်မာမွတ်စလင်မ် ပရဟိတအသင်း

Leave a Reply

Your email address will not be published. Required fields are marked *