October 19, 2024

၂. ၁. ၂၀၂၄
Written by Pan Ei

အိန္ဒိယနိုင်ငံရဲ့ အာကာသအေဂျင်စီဟာ တွင်းနက် (Black Hole) တွေလိုမျိုး နက္ခတ္တဗေဒဆိုင်ရာ အရာဝတ္ထုတွေကို လေ့လာမဲ့ သိပ္ပံဂြိုလ်တု သယ်ဆောင်ထားတဲ့ ဒုံးပျံတစ်စင်းကို မနေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

ဒုံးပျံကို အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒက်ရှ် ပြည်နယ်မှာရှိတဲ့ Sriharikota အာကာသစခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်က နာဆာက စတင်လုပ်ဆောင်ခဲ့ပြီးနောက် အိန္ဒိယရဲ့ ဒီမစ်ရှင်က ကမ္ဘာပေါ်မှာ ဒုတိယမြောက်ဖြစ်ပါတယ်။

အာကာသအေဂျင်စီက သိပ္ပံပညာရှင်တွေကို Black Hole တွေနဲ့ ပတ်သက်ပြီး အသိပညာ တိုးတက်စေဖို့ ကူညီလိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အိန္ဒိယအာကာသ သုတေသနအဖွဲ့ (Isro) ရဲ့ ဂြိုလ်တု- X-ray Polarimeter ဂြိုလ်တု (XPoSat) ဟာ တွင်းနက်တွေကို နက်ရှိုင်းစွာ သုတေသနပြုဖို့ ရည်မှန်းထားပြီး ခန့်မှန်းခြေ ရူပီး သန်း ၂၅၀ (အမေရိကန်ဒေါ်လာ သန်း ၃၀) နဲ့ တည်ဆောက်ထားခြင်းဖြစ်ကာ XPoSat ဂြိုလ်တုရဲ့ သက်တမ်းမှာ ငါးနှစ်လောက်ရှိပြီလို့ ခန့်မှန်းရပါတယ်။

Black Hole ဆိုတာဟာ အရာဝတ္ထုတွေ သူ့အလိုလိုပြိုကျလာတဲ့ အာကာသဒေသတစ်ခုဖြစ်ပြီး ဆွဲငင်အားဟာ အလွန်ပြင်းထန်တာကြောင့် အလင်းအပါအဝင် ဘယ်အရာမှ မလွတ်မြောက်နိုင်ပါဘူး။ ဒါ့အပြင် Black Hole ဟာ တချို့သော ကြယ်ကြီးတွေရဲ့ ပေါက်ကွဲပျက်စီးခြင်းကနေ ထွက်ပေါ်လာပြီး တချို့က အမှန်တကယ်ကြီးမားကြကာ အရွယ်အစားဟာ နေရဲ့ ဒြပ်ထုထက် အဆပေါင်း ဘီလျံနဲ့ချီပြီး ရှိပါတယ်။

အိန္ဒိယရဲ့ Chandrayaan-3 အာကာသယာဉ်ဟာ ပြီးခဲ့တဲ့ နှစ် ဩဂုတ်လက လပေါ်ကို ဆင်းသက်နိုင်ခဲ့ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ လူလိုက်ပါမယ့် အာကာသမစ်ရှစ်တွေ ဆောင်ရွက်သွားမှာဖြစ်သလို နေကို ဦးတည်လေ့လာမယ့် မစ်ရှစ်ကိုလည်း ဆောင်ရွက်နေပါသေးတယ်။

Ref; The Indian Express

Leave a Reply

Your email address will not be published. Required fields are marked *