October 19, 2024

၂. ၁. ၂၀၂၄
Written By Thandar

အလွမ်းပြေအနမ်း၊ နင်ပျော်ရင်၊ သစ္စာ စတဲ့တေးသီချင်းနဲ့ ပရိသတ်အားပေးမှုရရှိလာတဲ့ အဆိုတော်ဘန်နီဖြိုးကတော့ နှစ်အစကို ကြင်ကြင်နာနာကြည်ကြည်နူးနူး ကမ္ဘာအဆက် ဆက်သီချင်းလေးနဲ့ပဲ စဖွင့်ချင်တယ်လို့ ဆိုပါတယ်။

“ကျွန်တော့်ရဲ့ ၅ ခွေမြောက် Studio album ဖြစ်တဲ့ Me And My Alter-ego ဟာ Double album ဖြစ်ပြီးတော့ နှစ်ချပ်တွဲဖန်တီးခဲ့တာပါ။ ၂၀၂၄ နှစ်သစ်စစချင်းမှာ ကျွန်တော့်ရဲ့ Me And My Alter-ego Side Bဘက်အခြမ်းကိုထွက်ခဲ့တာဖြစ်ပါတယ်။ နှစ်အစကို ကြင်ကြင်နာနာကြည်ကြည်နူးနူး သီချင်းလေးနဲ့ပဲ စဖွင့်လိုက်ပါရစေခင်ဗျာ။ တစ်ဦးနဲ့ တစ်ဦးကြား ချစ်ခြင်းတရားတွေသာ တိုးပွားနိုင်ပါစေ”လို့ တေးသံရှင်ဘန်နီဖြိုးက ပရိသတ်သိအောင် ပြောလာပါတယ်။

အဆိုပါသီချင်းကို ဘန်နီဖြိုးကိုယ်တိုင်ရေးသားထားပြီး Featuring အနေနဲ့ အမရာဘုန်းက ပါဝင်သီဆိုပေးထားတာလည်း ဖြစ်ပါတယ်။ သူရဲ့ ၅ခွေမြောက် Me and My Alter-Eco Single Album ကို ဒီဇင်ဘာ ၃၁ ရက်အထိကတော့ Side A ဘက်အခြမ်းကိုတင်ပေးခဲ့ပြီး ဇန်နဝါရီ ၁ ရက်နေ့ကတော့ Side B ကို တင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ Albumထဲက Say No ၊ ဒဲ့ဖြုတ်ချက်၊ ဆိတ်ပါးစပ်ပေါက်၊ အခန်းဖော်၊ ကမ္ဘာအဆက်ဆက် သီချင်းတွေကို တစ်ပုဒ်ဆီ ဆက်လက် ပရိသတ်တွေအတွက် တင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Say No ဒဲ့ဖြုတ်ချက် သီချင်းကလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းကို ပေါ်တင် ဘလိမ်းထားတာဖြစ်ပါတယ်။ ခေတ်မကောင်းတာကိုအကြောင်းပြုပြီး အနုပညာကို ခွေးတိုးပေါက်က ဝင်လာသူတွေ အလွတ်တန်းဗန်းပြလုပ်စားနေတဲ့ ဆယ်လီတွေ မြန်မာနိုင်ငံက အနုပညာရှင်တွေအရေးမပါတဲ့ အတင်းအဖျင်းတွေကို အင်တာဗျူးပါလုပ်ပြီးတော့ နာမည်ကြီး Media တွေအကြောင်းကို ထည့်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အောက်လုံးမလွတ်တဲ့ သီချင်းတွေ ကုတင်ပေါ်ကမဆင်းတဲ့ရိုက်ကွက်တွေများလာပြီးတော့ ဒီဇာတ်အိမ်တွေကို အသက် ၁၀ နှစ်မပြည့်သေးတဲ့ ကလေးတွေ အတုယူမှားနိုင်တယ်လို့ Ethic မရှိတဲ့ Mediaကို Attentionတွေပေး မေးချင်တာတွေ မေးဖြေချင်တာဖြေ၊ အရေးမပါတာတွေ အရေးပါတယ် လုပ်နေတဲ့အကြောင်းတွေကို ထည့်သွင်းသီဆိုထားတာလည်း ဖြစ်ပါတယ်။

ဘန်နီဖြိုးရဲ့ တေးသီချင်းတွေကိုတော့ International Digital Streaming Platforms တွေမှာ နားဆင်နိုင်နေပြီလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *