October 19, 2024

၁. ၁. ၂၀၂၄
Written By Thandar

ကာရိုက်တာဇာတ်ရုပ်တိုင်းကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်တတ်တဲ့ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးကတော့ အတိတ်ကအဆိုးအကောင်းအားလုံးမေ့ပြီး ပန်းချီကားအလွတ်တစ်ချပ်လို ဘဝကို အစက ပြန်ရေးခြယ်မယ်ဆိုရင် အဖေနဲ့အတူတူမှုန်းခြယ်ရေးဆွဲပြီး ထာဝရသယ်သွားမှာပါလို့ရင်ဖွင့်လာပါတယ်။

“အတိတ်က အဆိုးအကောင်းအားလုံးမေ့ပြီး…ပန်းချီကားအလွတ်တစ်ချပ်လို ဘဝကို အစက ပြန်ရေးခြယ်မယ်ဆိုရင် အဖေ့ကိုတော့တူတူ မှုန်းခြယ်ရေးဆွဲပြီး ထာဝရသယ်သွားမှာပါ။ ကျန်တာတော့ ကြိုမပြောတော့ပါဘူး…အမေ့ကိုချစ်တယ်။ ညီအစ်ကိုမောင်နှမတွေကိုလည်း ချစ်တယ်။ သူငယ် ချင်းတို့ရေ ဖွေးရဲ့ချစ်ရတဲ့ Career၊ ဖွေးရဲ့ Chihuahuas နဲ့ Pugs ရယ်၊ ဖွေးရဲ့ချစ်ရတဲ့ Darlings & Oopsies ကို ချစ်ပါတယ်။ နောက်ဆုံးတော့ အနည်းဆုံးကိုယ့်ကိုယ်လည်း ပိုချစ်ရပါမယ်လို့ မေတ္တာအများစုနဲ့ပဲ လွတ်လပ်စွာဆက်လက်နှောင်ဖွဲ့နေပါဦးမယ်”လို့ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးက ပရိသတ်သိအောင် ရင်ဖွင့်လာပါတယ်။

သူမရဲ့ ဖခင် ဦးကျော်ကျော်ဝင်း(ခ)ဦးကိုဦးဟာ ၂၀၂၁ ခုနှစ်မှာ ကိုဗစ်ရောဂါနဲ့ ဆုံးပါးသွားခဲ့တာလည်းဖြစ်ပါတယ်။ ဖွေးဖွေးက မကြာခင်က ကျင်းပသွားတဲ့ ညီအစ်မဝမ်းကွဲဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီဝတ်မှုန်ရွှေရည်မင်္ဂလာပွဲကို သားအမိ နှစ်ယောက်အတူတက်ရောက်ခဲ့ကြပါတယ်။ ဖွေးဖွေးဟာ အနုပညာနဲ့ ပတ်သက်ပြီး အကောင်းဆုံးပုံဖော်တတ်သူဖြစ်တဲ့အတွက် တစ်နှစ်ကို ရုပ်ရှင်ဇာတ်ကားတစ်ကားသာ ရိုက်ဖို့ဆုံးဖြတ်ထားသူလည်းဖြစ်ပါတယ်။

ဖွေးဖွေးဟာ ၂၀၁၂ ခုနှစ်က”လက်ပံ”ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်ဆောင်ဆု၊ ၂၀၁၈ ခုနှစ်က”ရွှေကြာ”ရုပ်ရှင်ဇာတ်ကားနဲ့ဇာတ်ဆောင်ဆုအပြင် ၂၀၁၅ ခုနှစ်က”ကျွန်မကနှင်းဆီပါမောင်”ဇာတ်ကားနဲ့ ဇာတ်ဆောင်ဆု ၃ ဆုကို ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *