October 19, 2024

၁. ၁. ၂၀၂၄
Written by Pan Ei

ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ ဒီနေ့ (ဇန်နဝါရီ ၁ ရက်) က ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ဂျပန်မိုးလေဝသအေဂျင်စီက အစ်ရှီကာဝါ၊ နိုင်ဂါတာနဲ့ တိုရာမာ စီရင်စုတွေရဲ့ အနောက်ဘက်ကမ်းရိုးတန်းဒေသတစ်လျှောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

အမြင့် ၅ မီတာအထိရှိတဲ့ ဆူနာမီလှိုင်းလုံးတွေဟာ အစ်ရှီကာဝါ စီရင်စုရှိ နိုတိုမြို့ကို ရောက်ရှိမယ်လို့ မိုးလေဝသအေဂျင်စီက ခန့်မှန်းထားပါတယ်။ အစ်ရှီကာဝါ စီရင်စုရှိ ဝါဂီမာမြို့ကမ်းရိုးတန်းကို အမြင့် ၁ မီတာကျော်ရှိတဲ့ လှိုင်းလုံးတွေ ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့လည်း NHK သတင်းမှာ ဖော်ပြထားပြီး ဆူနာမီသတိပေးချက်ကြောင့် ကမ်းရိုးတန်းဒေသတွေကနေ အမြန်ထွက်ခွာဖို့ လူတွေကို သတိပေးထားပါတယ်။

Hokuriku Electric Power ကုမ္ပဏီကလည်း သူတို့ရဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေမှာ မူမမှန်မှု ရှိ မရှိကို စစ်ဆေးနေကြောင်း NHK က ဖော်ပြခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *