MT News
ဆားဘီယားနဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ဒဏ်ရာရရှိသွားတဲ့ နေလ်မာရဲ့ အခြေအနေကို နှစ်ရက် ကြာစောင့်ကြည့်ရမယ်လို့ အသင်းဆရာဝန် လက်စ်မာက ပြောပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူးဟာ ခြေချင်းဝတ်ဒဏ်ရာရခဲ့တာကြောင့် ပွဲကစားချိန် ၇၉ မိနစ်မှာ အန်တိုနီနဲ့ လူစားလဲခံခဲ့ရပါတယ်။
နေလ်မာဟာ ဆားဘီးယားကစားသမားတွေရဲ့ ကြမ်းတမ်းစွာဖျက်ထုတ်မှုကို ၉ ကြိမ်အထိ ခံခဲ့ရပြီး လက်ရှိရရှိတဲ့ညာခြေကျင်းဝတ်ဒဏ်ရာဟာလည်း ခွဲစိပ်ကုသမှုခံယူရဖွယ်ရှိနေပြီး အကြမ်းဖျဥ်းအားဖြင့် အဆစ်လွဲတာဖြစ်နိုင်ခြေရှိနေပါတယ်။
ဆားဘီးယားနှင့်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ဘရာဇီးလ်အသင်းက ရစ်ချာလီဆန်ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်သုံးမှတ်ရရှိခဲ့ပါတယ်။