October 19, 2024

၂၉. ၁၂. ၂၀၂၃
Written by Thettant

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းမီးပွိုင့်မှာ YBS 131 ယာဥ်လိုင်းက ယာဥ်တစ်စီးနဲ့ တိုက်မိပြီး ကားအောက်ချိတ်ပါသွားတာကြောင့် အသက် ၆၀ ကျော် အဘွားအိုတစ်ဦးသေဆုံးမှု မနေ့ညက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဒီဇင်ဘာ ၂၈ ရက်၊ ည ၉ နာရီခွဲခန့်မှာ အင်းစိန်မြို့နယ်၊ တညင်းကုန်းမီးပွိုင့်မှာ YBS ၁၃၁ ယာဥ်က မီးပွိုင့်လွှတ်ချိန် တညင်းကုန်းစျေးဘက်ကို အကွေ့မှာ အသက် ၆၀ ကျော် အဘွားအိုတစ်ဦးကို ကားနဲ့တိုက်မိရာက အဘွားအိုညပ်ပါသွားပြီး နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

“YBS ၁၃၁ က အဘွားအိုကို ဝင်တိုက်ပြီး ကားဗိုက်အောက်မှာ လူက ချိတ်ပြီးပါသွားတာ။ အလောင်းကို ကားအောင်က အတင်းဆွဲထုတ်ရင် ပိုဆိုးသွားမှာစိုးလို့ ကားအောက်ကဆွဲထုတ်ဖို့ ကားကိုကရိန်းနဲ့မပြီး ဆွဲထုတ်လိုက်ရတယ်။ အဘွားက အသက် ၆၀ ကျော်၊ ၇၀ လောက်ရှိပြီ။ အလောင်းကိုတော့ ကနောင် နာရေး၊ ရှင်ရေးအသင်းက အင်းစိန်ဆေးရုံ ပို့လိုက်တယ်” လို့ အခင်းဖြစ်စဥ်ကို ပါဝင်ကူညီပေးခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက သူမြင်တွေ့ခဲ့တဲ့ဖြစ်စဥ်ကို ပြောပါတယ်။

လက်ရှိမှာ YBS ၁၃၁ ယာဥ်မောင်းကို အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပြီး ဖြစ်စဥ်ကို ဆက်လက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

ပုံစာ။ အသက် ၆၀ ကျော် အဘွားအို YBS တိုက်မိသေဆုံးသည့် မြင်ကွင်း (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *