October 19, 2024

၂၉. ၁၂. ၂၀၂၃
Written by KL

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စစ်ကဲကုန်းရပ်၊ ကမ်းနားလမ်း၊ ထားဝယ်တံတားတွင် သံလွင်မြစ်တွင်းသွား အပျော်စီးသင်္ဘောခရီးစဥ်ကို ယနေ့(ဒီဇင်ဘာ ၂၉ ရက်) ညနေပိုင်းမှစတင်ကာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အပျော်စီးခရီးစဥ်တွင် သံလွင်မြစ်ကြောင်းတစ်လျှောက် ၂ နာရီကြာမြင့်​​မည်ဖြစ်ကြောင်း၊ သံလွင်မြစ်၏ ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း Harmony River Cruise အ​ပျော်စီးသင်္ဘောထံမှ သိရသည်။

သံလွင်​မြစ်အပျော်စီးသင်္ဘောစီးနင်းခအ​​နေဖြင့် အစားအသောက်အပါအဝင် လူကြီးတစ်ဦးလျှင် နှစ်သောင်းကျပ်၊ကလေးတစ်ဦးလျှင် တစ်သောင်းခွဲကျပ်နှင့် အစားအသောက်မပါဝင်ဘဲ အပျော်တမ်းလိုက်လံစီးနင်းပါက တစ်ဦးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် သတ်မှတ်ထားသည်။

အပျော်စီးသင်္ဘောပေါ်တွင် Life jacketsများ ပါဝင်မည်ဖြစ်ပြီး လူဦးရေ ၂၀၀ ခန့်အထိ စီးနင်းနိုင်ကြောင်း၊ အပျော်စီး ခရီးစဥ်ကို အပတ်စဥ် သောကြာ၊ စနေ၊ တနင်္ဂနွေ​နေ့တိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *