October 19, 2024

၂၀၂၁ ခုနှစ် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားပိုင်တံခွန် အဆင့် ၂၄ သို့ ကျဆင်း

၂၉. ၁၂. ၂၀၂၃
Written by Pan Ei

၁၉၉၀ ပြည့်နှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း TC Candler ကနေ နိုင်ငံပေါင်း ၅၀ ကျော်က အနုပညာရှင်တွေ အပါအဝင် ဆန်ကာတင်စာရင်းဝင် များစွာသော လူတွေထဲက ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး မျက်နှာပိုင်ရှင် အမျိုးသားအယောက် ၁၀၀ နဲ့ ကမ္ဘာ့အလှဆုံး မျက်နှာပိုင်ရှင် အမျိုးသမီး အယောက် ၁၀၀ တို့ကို ရွေးချယ်လေ့ရှိကြပါတယ်။

၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ ဆွဲဆောင်မှုအရှိဆုံး မျက်နှာပိုင်ရှင် အမျိုးသားအဖြစ် ရွေးချယ်ခြင်း ခံရတဲ့သူကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်ဒယ်၊ မင်းသားချော Timothee Chalamet ဖြစ်ပြီး ဒီလထဲမှာ ထွက်ရှိထားတဲ့ Wonka ဇာတ်ကားရဲ့ ဇာတ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး မျက်နှာပိုင်ရှင် အမျိုးသားအဆင့် ၂ နေရာမှာတော့ ၂၀၂၂ ခုနှစ်ရဲ့ ပထမနေရာရရှိခဲ့တဲ့ ဗြိတိန်နိုင်ငံက မင်းသားချော Henry Cavill ဖြစ်ကာ ဟောင်ကောင်က အဆိုတော်၊ မင်းသားတစ်ဦးဖြစ်ပြီး ​ဟောင်ကောင်ယောက်ျားလေးအဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Keung To က အဆင့်၃ နေရာမှာ ရပ်တည်နေပါတယ်။ Timothèe Chalamet ကလည်း မနှစ်က အဆင့်၃ နေရာမှာ ရှိနေခဲ့ပေမဲ့ ဒီနှစ်မှာတော့ ပထမနေရာကို ရောက်ရှိလာခဲ့တာပါ။

ဒါ့အပြင် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အလှဆုံး မျက်နှာပိုင်ရှင် အမျိုးသမီးအဖြစ် တောင်ကိုရီးယား အမျိုးသမီး အဆိုရှင်အဖွဲ့ Momoland ရဲ့ အဖွဲ့ဝင်ဟောင်း Nancy က ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ရုရှားနိုင်ငံဖွား နာမည်ကြီး Influencer တစ်ဦးဖြစ်တဲ့ Dasha Taran က အဆင့် ၂၊ ဒီနေ့( ဒီဇင်ဘာ ၂၉ ရက်) ရဲ့ မွေးနေ့ရှင်ဖြစ်တဲ့ Twice အဖွဲ့ဝင် Sana ကလည်း မွေးနေ့လက်ဆောင်အဖြစ် ကမ္ဘာ့ အလှဆုံးမျက်နှာပိုင်ရှင်အမျိုးသမီး အဆင့် ၃ နေရာအဖြစ် အသီးသီး ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ဒီနှစ်ရဲ့ ပထမ နေရာရရှိခဲ့တဲ့ Nancy ဟာ မနှစ်က ဒုတိယ ကမ္ဘာ့ အလှဆုံးမျက်နှာပိုင်ရှင်အမျိုးသမီးအဖြစ် ရပ်တည်နေနိုင်ခဲ့တာပါ။

၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ ဆွဲဆောင်မှုအရှိဆုံး မျက်နှာပိုင်ရှင် အမျိုးသားအဖြစ် မြန်မာနိုင်ငံက မော်ဒယ်နဲ့ သရုပ်ဆောင် ပိုင်တံခွန်က ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဒီနှစ်မှာတော့ အဆင့် ၂၄ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ကာ မနှစ်ကတော့ အဆင့် ၁၄ နေရာမှာ ရွေးချယ်ခံခဲ့ရပါတယ်။

Ref; TC Candler

Leave a Reply

Your email address will not be published. Required fields are marked *