October 19, 2024

၂၉. ၁၂. ၂၀၂၃
Written by Ye Kyaw

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်း မှတ်ပုံတင်ခြင်းအတွက် မှတ်ပုံတင်ကြေး ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်သက်တမ်း ယခင် ၆ လအစား ၂ နှစ်အထိ ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၈ ရက်တွင် အသိပေး ကြေညာထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်း မှတ်ပုံတင်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ခွင့်ပြုခဲ့သော မှတ်ပုံတင်များအတွက် သက်တမ်း ၆ လဖြင့် မှတ်ပုံတင်ကြေးကင်းလွတ် ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။

အွန်လိုင်စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်ခွင့်ပြုမည့် မှတ်ပုံတင်များအား သက်တမ်း ၂ နှစ်အထိ ခွင့်ပြုမည်ဖြစ်ပြီး ကုမ္ပဏီ(သို့)စီးပွား‌ရေးအဖွဲ့များ၏ မှတ်ပုံတင်ကြေး ကျပ် ၇၀,၀၀၀ ၊ သက်တမ်းတိုးကြေး ကျပ် ၇၀,၀၀၀ ၊ ပြင်ဆင်ကြေး တစ်ချက်လျှင် ကျပ် ၃,၀၀၀ ကောက်ခံသွားမည်ဖြစ်သည်။

SME လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားသည့် အထောက်အထား တစ်ခုခုပါရှိသည့် ကုမ္ပဏီ(သို့) စီးပွားရေးအဖွဲ့အစည်း၏ မှတ်ပုံတင်ကြေး ကျပ် ၅၀,၀၀၀ ၊ သက်တမ်းတိုးကြေး ကျပ် ၅၀,၀၀၀ ၊ ပြင်ဆင်ကြေး တစ်ချက်လျှင် ၃,၀၀၀ ကျပ်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း မှတ်ပုံတင်ကြေး ကျပ် ၃၀,၀၀၀ ၊ သက်တမ်းတိုးကြေး ကျပ် ၃၀,၀၀၀ ၊ ပြင်ဆင်ကြေး တစ်ချက်လျှင် ကျပ် ၃,၀၀၀ ဖြင့် အသီးသီး ကောက်ခံသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *