October 19, 2024

၂၉. ၁၂. ၂၀၂၃
Written by KL

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး၊ ရန်ကုန်-‌မော်လမြိုင်ကားလမ်းမတွင် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက လမ်းအင်ဂျင်နီယာတစ်ဦး လမ်းကြိတ်စက်ဖြင့် ကြိတ်မိပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဥ်မှာ ရန်ကုန်-‌မော်လမြိုင်ကားလမ်းမပေါ်တွင် လမ်းတိုင်းတာနေသော အသက် ၄၈ နှစ်အရွယ် လမ်းအင်ဂျင်နီယာအမျိုးသားကို နောက်ပြန်မောင်းလာသည့် လမ်းကြိတ်စက်က ကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းကြိတ်စက်ဖြင့် အကြိတ်ခံရသူ လမ်းအင်ဂျင်နီယာမှာ သထုံမြို့တွင်နေထိုင်သူဖြစ်ပြီး ခါးတစ်ပိုင်းနှင့်ညာဘက်ကိုယ်တစ်ခြမ်းကြိတ်မိ၍ နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို ဘီးလင်းမြို့နယ်ပြည်သူဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်း ကူညီပို့ဆောင်ပေးခဲ့သည့် ဘီးလင်းမြို့ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်အဖွဲ့ထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *