September 28, 2024

၂၈. ၁၂. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံမြောက်ပိုင်းတွင် လက်နက်ကိုင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လုံခြုံရေးအန္တရာယ်စိုးရိမ်ရသည့်အတွက် တရုတ်နှင့် မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင် နေထိုင်နေသည့် တရုတ်နိုင်ငံသားများကို ဘေးလွှတ်ရာ အမြန်ဆုံးရွှေ့ပြောင်းရန် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

“ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေဆဲ ဖြစ်ပါတယ်။ အဲဒီမြို့အတွင်းပိတ်မိနေတဲ့ သူတွေအတွက် ဘေးကင်းလုံခြုံရေးအတွက် အန္တရာယ်ရှိလာနိုင်တယ်။ လောက်ကိုင်မြို့ထဲမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဘေးလွှတ်ရာကိုအမြန်ဆုံးရွှေ့ပြောင်းဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။” ဟု မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံရုံးက Wechat လူမူကွန်ရက်မှတစ်ဆင့် တိုက်တွန်းတောင်းဆိုထားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အပစ်အခတ်ရပ်စဲနိုင်ရန် ကြားဝင်စေ့စပ်ခဲ့သော်လည်း တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်ကိုင်အဖွဲ့၊ တအာင်းလက်နက်ကိုင်အဖွဲ့များသည် ပြီးခဲ့သော အောက်တိုဘာလနောက်ပိုင်းတည်းကတပ်မတော်ကို ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ခဲ့ပြီး ကုန်သွယ်ရေးအတွက် အဓိကနေရာများနှင့် မြို့များကို သိမ်းပိုက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တရုတ်နိုင်ငံနှင့် ယဉ်ကျေးမှု၊ လူမျိုးရေးနီးစပ်မှုရှိနေသည့်အပြင် တရုတ်ငွေကြေးနှင့် တရုတ်ဖုန်းကွန်ရက်အသုံးပြုနေခြင်းကြောင့် တရုတ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ဆက်ဆံရေးကို ထိန်းသိမ်းလိုနေကြောင်း လေ့လာသုံးသပ်သူများကပြောသည်။

Ref malaymail

Leave a Reply

Your email address will not be published. Required fields are marked *