September 27, 2024

၂၈. ၁၂. ၂၀၂၃
Written by Pan Ei

ဂရမ်မီဆုရှင် ကိုလံဘီယာအဆိုတော် ရှကီရှာရဲ့ မွေးရပ်မြို့ဖြစ်တဲ့ Barranquilla မှာ သူမရဲ့ ထင်ရှားကျော်ကြားတဲ့ ဗိုက်သားလှုပ်အက ကနေပုံဟန်နဲ့ ဧရာမ ကြေးရုပ်တုကို မြို့တော်ဝန် Jaime Pumarejo က ရှကီရာရဲ့မိဘတွေနဲ့အတူ မြစ်ကမ်းနားရှိ ပန်းခြံတစ်ခုမှာ ဖွင့်လှစ်ခဲ့ပါတယ်။

အဲ့ဒီ ရှကီရာရဲ့ ဧရာမ ပုံတူရုပ်တုဟာ ၂၁ ပေ (၆ ဒသမ ၅ မီတာ) အမြင့်ရှိပြီး အနုပညာရှင် Yino Marquez က ထုလုပ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီရုပ်တုဟာ “သန်းပေါင်းများစွာသောမိန်းကလေးတွေဟာ သူတို့ရဲ့အိပ်မက်တွေကို လိုက်စားနိုင်ပြီး သူတို့လိုချင်တဲ့အရာကို အောင်မြင်နိုင်ကြောင်း ပြသဖို့အတွက်ဖြစ်တယ်”လို့ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။

ရုပ်တုဟာ တောက်ပြောင်တဲ့ အလူမီနီယမ်နဲ့ အလှဆင်ထားတဲ့ စကတ်၊ ရှည်လျားတဲ့ ဆံပင်ကောက်နဲ့အတူ ရှကီရာရဲ့ လက်နှစ်ဖက်​မြှောက်ပြီး ဗိုက်သားအက ကနေတဲ့ ပုံ ထုလုပ်ထားတာလည်း ဖြစ်ပါတယ်။

ရည်းစားဟောင်း စပိန်ဘောလုံးသမား ဂျရတ်ပီကေးနဲ့ ခါးသီးစွာလမ်းခွဲခဲ့ရပြီး သူမဘဝရဲ့ လမ်းခွဲခဲ့ရတဲ့ ခံစားချက်တွေနဲ့ ထုတ်လုပ်ခဲ့တဲ့ သီချင်းနဲ့ ၂၀၂၃ ခုနှစ်အတွက် လက်တင်ဂရမ်မီဆု သုံးဆုရရှိခဲ့တဲ့ ရှကီရာဟာ အခုလက်ရှိ မိုင်ယာမီမှာနေထိုင်နေပေမဲ့ ရှကီရာကို ရုပ်တုနဲ့ ဂုဏ်ပြုပြီး Barranquilla က အမြဲတမ်း သူမရဲ့အိမ်ဖြစ်တယ်လို့လည်း မြို့တော်ဝန်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref; Reuter

Leave a Reply

Your email address will not be published. Required fields are marked *