September 28, 2024

၂၈. ၁၂. ၂၀၂၃
Written by Nay Moe

ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်က သရက်ကုန်းရွာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကျေးရွာအုပ်ချုပ်​ရေးမှူး ဦးဘိုမြင့် (ခ) ဦးဗိုလ်ဗိုလ်မြင့်ကို ကဝ ပကဖ (ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဒီဇင်ဘာ ၂၆ ရက်​၊ ည ၁၀ နာရီ ၂၅ မိနစ်ခန့်မှာ ကဝမြို့နယ်၊ သရက်ကုန်းကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဆိုတဲ့ ကျေးရွာအုပ်ချုပ်​ရေးမှူး ဦးဘိုမြင့် (၄၉) နှစ်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦးတို့ ကျေးရွာအတွင်းရှိ ရွာတော်ရှင် နတ်ကနားပွဲကျင်းပရာနေရာမှာ လုံခြုံ​ရေးဆောင်ရွက်နေချိန် ဦးဘိုမြင့်က ကွမ်းယာဆိုင်ကို ကွမ်းယာဝယ်ဖို့ တစ်ဦးတည်းထွက်ခွာလာချိန် ကျေးရွာလမ်းအတိုင်း လမ်းလျှောက်လာတဲ့ ကဝ ပကဖအဖွဲ့ဝင် က သေနတ်နဲ့ ပစ်ခတ်ပြီး သရက်ကုန်းကျေးရွာ ဘုန်းကြီး ကျောင်းဘက် ထွက်ပြေးသွားတာကြောင့် ဦးဘိုမြင့်ဟာ ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နဲ့ သေဆုံးသွားခဲ့တာပါ။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဘိုမြင့်ကို သတ်ဖြတ်တာဟာ သပြေညိုစစ်ဆင်ရေး (၂) အဖြစ် သတ်ဖြတ်တာဖြစ်ပြီး သပြေညိုစစ်ဆင်ရေး (၁) ကတော့ ဒီဇင်ဘာ ၁၆ ရက်တုန်းက အုန်းနှဲချောင်းရဲစခန်းကို တိုက်ခိုက်တာလို့ ပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *