၂၇.၁၂.၂၀၂၃
Written by KL
မွန်ပြည်နယ် ပေါင်မြို့နယ်၊ ဇင်းကျိုက်ရပ်ကွက်တွင် ယနေ့ (ဒီဇင်ဘာ၂၇ရက်) အစောပိုင်းက သားမက်ဖြစ်သူက ယောက္ခမအိမ်ကို မီးရှို့ရာမှ နေအိမ် ၂ လုံးမီးလောင်ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မိန်းမဖြစ်သူနှင့် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး မိခင်အိမ်သို့ ဆင်းသွားသည်ကို မကျေမနပ်ဖြစ်ရာမှ ခင်ပွန်းက ယောက္ခမအိမ်သို့လိုက်လာကာ နေအိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၂ လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ မီးရှို့သည့် သားမက်ဖြစ်သူ ဦးခင်အေးကို ဇင်းကျိုက်နယ်မြေရဲစခန်းက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။