October 19, 2024

၂၇.၁၂.၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ မင်းသမီး အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ဖခင် ဦးမောင်မောင်ဟာ အသက် ၈၇ နှစ်အရွယ်မှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ဈာပနကို ဒီနေ့ ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

“အဖေဖြစ်တဲ့သူကို လိုလေသေး မရှိအောင် ပြုစုခဲ့တယ်။ စောင့်ရှောက်ခဲ့တယ်။ သူ့မှာလည်း အခက်အခဲတွေ အပူမီးတွေ အများကြီးရှိတယ်။ သူ့အဖေကို အကောင်းဆုံးဖြစ်အောင် စောင့်ရှောက်တယ်။ စိတ်ဓာတ်မကျဘူး။ ဘယ်တော့မှ။ ဒီလို နေရာမှာ တခြားတစ်ယောက်ယောက်ဆိုရင် တကယ်ကို ယိုင်လဲသွားပြီ။ သူရဲ့ အဘမောင်ကလည်း ကောင်းရာ သုဂတိလားမှာပါ။ ဘာသာတရားလည်း ကိုင်းရှိုင်းတယ်။ မခိုင်လေး (ခ) ခိုင်သင်းကြည်ကိုအားပေးလိုက်ပါတယ်။ အဖေကို ချစ်လို့ အသက်ကို ဆွဲဆန့်ချင်ပေမမယ့်လည်း ဒီဝေဒနာကို ဆက်ခံစားနေရတာ ရှိမယ်။ သီလကုန်တော့ ဝဋ်ကျွတ်သွားတယ်။ မခိုင်တို့လည်း လုံးဝကျေနပ်သင့်ပါတယ်။ အဖေတစ်ယောက်ကို နောက်ဆုံးအချိန်ထိ ပြုစုစောင့်ရှောက်ရတဲ့အတွက်လေ။ ကိုယ့် ဖခင်တစ်ယောက်ဆုံရှုံးထားရတဲ့သူတစ်ယောက်ပါ။ ကိုဗစ်တုန်းက ပိုဆိုးတယ်။ အဖေကို နာရေးပို့ခွင့်မရ။ အလောင်းတွေ ပုံနေတယ်။ ခက်ခက်ခဲခဲ သင်္ဂြိုဟ်ရတာ။ ကိုယ်ချင်းစာပါတယ်။ မခိုင်လေးနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်”လို့ အကယ်ဒမီ ခန့်စည်သူက ပြောပါတယ်။

အဆိုပါဈာပနကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အဖွဲ့သားတွေ၊ ဂီတအစည်းအရုံးက အဖွဲ့သားတွေအပြင် အကယ်ဒမီ ခန့်စည်သူ စတဲ့ အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်‌တွေနဲ့ အသိမိတ်ဆွေတွေ လာရောက်ခဲ့ကြပါတယ်။

ခိုင်သင်းကြည်ရဲ့ဖခင် ဦးမောင်မောင်ဟာ အဆုတ်ကင်ဆာ နောက်ဆုံးအဆင့်နဲ့ ဒီဇင်ဘာ ၂၅ ရက် ညပိုင်းက ကွယ်လွန်ခဲ့တာလည်းဖြစ်ပြီး သူမက အနုပညာအလုပ်တွေ ရပ်နား၊ အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့ ဖခင်ကြီးကို ၂ နှစ်ကျော် ပြုစုစောင့်ရှောက်ခဲ့သူလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *