October 19, 2024

၂၇.၁၂.၂၀၂၃
Written By Thandar

တေးသံရှင် Brown က မွေးနေ့အမှတ်တရအနေနဲ့ “အညာသူ” Music Video ကို ပရိသတ်အတွက် အကောင်းဆုံးပုံဖော်ပြီး အရောက်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ မွေးနေ့အထိမ်းအမှတ်အ‌နေနဲ့ အညာသူ Premier Show ကို ဒီဇင်ဘာ ၂၆ ရက် ညပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ The Six Coffee & Food Loung မှာ ကျင်းပခဲ့ပါတယ်။

“အညာသူလေးတွေရဲ့ အလှကို ဘယ်အရာနဲ့တုနှိုင်းလို့မှီနိုင်မှာလဲ ပုံစံမျိုးလေးနဲ့ “အညာသူ” ကို အကောင်းဆုံးပုံဖော်ထားပါတယ်။ ကျွန်တော့်ရဲ့ မွေးနေ့မှာ အမှတ်တရ သီချင်းလေး လုပ်ချင်ခဲ့တယ်။ အရင်နှစ်ကလည်း သီချင်းလေးလုပ်ဖြစ်တယ်။ ဒီအတိုင်းပဲ သီချင်းလေး တင်ဖြစ်တယ်။ ဒီနှစ်ကတော့ ချစ်ရတဲ့ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ သီချင်းသစ်လေးကို ပြသပြီး ဧည့်ခံရင်းနဲ့ Show ပုံလေး လုပ်ဖြစ်တာပါ။ “၂ မိနစ်လောက် ချော့ရင် စိတ်ကောက်ပြေတုန်းပဲ”သီချင်းပြီးတော့ ဒီသီချင်းလေးလုပ်ဖြစ်ခဲ့တာပါ”လို့ တေးသံရှင် Brown က ပြောပါတယ်။

အဆိုပါတေးသီချင်းမှာ ထိုင်းဘာသာစကားပြော ဆန်းသစ်ထားတဲ့ Music ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ တေးရေး ငြိမ်းချမ်းကို ရေးသားပြီးဒါရိုက်တာ ထက်ပိုင်က ပုဂံအလှအပတွေနဲ့ သရုပ်ဆောင် ဧကရီမွန်နဲ့အတူ ရိုက်ကူးပုံဖော်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *