October 19, 2024

၂၇.၁၂.၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှု များစွာရရှိထားတဲ့ မင်းသမီး အကယ်ဒမီ မေသဥ္ဇာဦးရဲ့ သားဖြစ်သူ ကိုမင်းသန်းကျော်ကို ဒီနေ့ ဒီဇင်ဘာ ၂၇ ရက် နံနက်အ‌စောပိုင်းက မီးသင်္ဂြိုလ်လိုက်ပြီဖြစ်ပါတယ်။

“မေသဥ္ဇာဦးရဲ့ သားလေး ခုမနက်ပိုင်းဘဲ သင်္ဂြိုဟ်လိုက်ပါပြီ။ မိဘတစ်ယောက်အနေနဲ့ စိတ်ထဲ ဘယ်ကောင်းမလဲ။ ကိုယ်တွေလည်း ရင်ထဲ မကောင်းပါဘူး” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက MTNews Entertainment ကို ပြောပါတယ်။

ကွန်လွန်ချိန် အသက် ၂၇ နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ကိုမင်းသန်းကျော် ကွယ်လွန်ခဲ့ရတဲ့ အဆိုပါယာဥ်တိုက်မှုဟာ ဒီဇင်ဘာ ၂၅ ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းမှာ မော်တော်ယာဥ်က လမ်းလယ်ဓာတ်တိုင် ဝင်တိုက်ရာကနေ ယာဥ်မောင်း ကိုမင်းသန်းကျော် (၂၇ နှစ်) ဟာ ဦးခေါင်းနောက်စေ့စုတ်ပြဲဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ကုသချိန် သေဆုံးခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် မေသဉ္ဇာဦးမှာ သားနှစ်‌‌ယောက်ရှိတာဖြစ်ပြီး သေဆုံးသူ ကိုမင်းသန်းကျော်က သူမရဲ့ သားအကြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *