October 19, 2024

၂၇. ၁၂. ၂၀၂၃
Written by Pan Ei

နာမည်ကြီး အော်စကာဆုရ ကိုရီးယားရုပ်ရှင် Parasite ထဲက ထိပ်တန်းမင်းသား Lee Sun Kyun ဟာ ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက် မနက်ပိုင်းမှာ ဆိုးလ်မြို့ ပန်းခြံတစ်ခုရဲ့ ကားပါကင်တစ်ခုက သူ့ရဲ့ကားထဲမှာ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။

မင်းသားရဲ့ဇနီးဖြစ်သူ မင်းသမီး Jeon Hyejin က သူ့အမျိုးသားက အိမ်မှာ သေတမ်းစာကို ထားပြီးထွက်သွားတဲ့အတွက် ရဲတပ်ဖွဲ့ကိုဆက်သွယ်ပြီး ရှာဖွေခိုင်းခဲ့ခြင်းဖြစ်ကာ Lee Sun Kyun ကားရဲ့ခရီးသည်ထိုင်ခုံမှာ မီးသွေးတုံးတစ်တုံးကို တွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မင်းသား Lee Sun Kyun အပါအဝင် လူရှစ်ဦးကို အခုနှစ်အတွင်း တရားမဝင် မူးယစ်ဆေးဝါးတွေ သုံးစွဲခဲ့တယ်လို့ စွပ်စွဲချက်တွေနဲ့အတူ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအက်ဥပဒေချိုးဖောက်မှုစွဲချက်နဲ့ အတွင်းပိုင်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေခြင်းဖြစ်ကာ မင်းသားကို ဒီသီတင်းပတ်ကုန်က ၁၉ နာရီအပါအဝင် ရဲက ၃ ကြိမ် စစ်ဆေးမေးမြန်းခဲ့ပါတယ်။

အခုလက်ရှိမှာ တောင်ကိုရီးယားက အနုပညာရှင်တွေနဲ့ ပရိသတ်တွေက Lee Sun Kyun အသက်ဆုံးရှုံးခဲ့ရခြင်းအတွက် ဝမ်းနည်းနှမြောတသဖြစ်နေကြကာ ပူဆွေးလျက်ရှိနေကြပါတယ်။

တောင်ကိုရီးယားမှာ မူးယစ်ဆေးဝါးဥပဒေဟာ အထူးတင်းကျပ်ပြီး မူးယစ်ဆေးဝါးမှုခင်းတွေကို ပုံမှန်အားဖြင့် အနည်းဆုံး ထောင်ဒဏ် ခြောက်လကနေ ၁၄ နှစ်အထိ ချမှတ်နိုင်ပါတယ်။

Ref; sky news

Leave a Reply

Your email address will not be published. Required fields are marked *