October 19, 2024

၂၆. ၁၂. ၂၀၂၃
Written by Hey Mar

အသက် သုံးနှစ်အရွယ်ကလေးငယ် ပျောက်ဆုံးနေတာကြောင့် လိုက်လံရှာဖွေရာက ရပ်ကွက်ကြီး ရေနှုတ်မြောင်းအတွင်း ပြုတ်ကျမျောပါ သေဆုံးခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဒီဇင်ဘာ ၂၅ ရက် ည ၇ နာရီ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတ အသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်အရ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ သင်္ဘောတန်းရပ်၊ အကွက် ၁၉၅ မှာနေထိုင်တဲ့ အသက် သုံးနှစ်အရွယ်ကလေးငယ်တစ်ဦး ပျောက်ဆုံးနေ​တယ်လို့ East Marlar Volunteer Fire Brigade အဖွဲ့ကို ရပ်ကွက်က အသိပေးအကြောင်း ကြားလာတာကြောင့် ကူညီရှာဖွေရေး လုပ်ငန်းစဥ်တွေ အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ပေးခဲ့ကြောင်း၊ ကလေးပျောက်ချိန်နဲ့ အကြောင်းကြားတာကို လက်ခံသိရှိရချိန်က ၂ နာရီကျော်ကြာ ကွာဟသွားခဲ့ပြီး အိမ်အနီးမှာလည်း ရေနှုတ်မြောင်းရှိနေတဲ့အတွက် မြောင်းအတွင်း ဆင်းပြီး မြောင်းတစ်လျှေက် ရှာဖွေမတေတွေ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ရှာဖွေကူညီရာမှာ အောင်မြေသာစံမြို့နယ် အရန်မီးသတ်တပ်ဖွဲ့၊ သီရိမာလာအနောက် အရန်မီးသတ်တပ်ဖွဲ့၊ အောင်မြေ အရန်မီးသတ်တပ်ဖွဲ့နဲ့ ညောင်ကွဲအရန်မီးသတ်တပ်ဖွဲ့တို့လည်း ပူပေါင်းပါဝင်ပေးခဲ့ကြပြီး ည ၁၀ နာရီဝန်းကျင်ခန့်မှာ ကလေးပျောက်တဲ့ နေရာရဲ့ အနောက် မြောက်ဘက် ရေမြောင်းပြွန်နဲ့ တံတားအကူးနေရာမှာ ကလေးငယ်ကို မျောပါသေဆုံးလျက်သား တွေရှိခဲ့ရတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ လုပ်ငန်းစဥ်တွေကို ဆက်လက်ပူးပေါင်းကူညီပေးပြီး ကလေးရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးထံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *