October 23, 2024

MT News

Written by Nay Moe

SAC နှင့် SSPP/SSA တို့အကြား စစ်ရေးပြန်လည်တင်းမာနေပြီး ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေသည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) က နိုဝင်ဘာ ၂၅ ရက်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၂ ရက်မှ၂၄ ရက်အထိ ကုန်းသာကျေးရွာအုပ်စု ကုန်းသာကျေးရွာတွင် ရှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်သစ်ဆွမ်းကပ်လှူပွဲကိုကျင်းပပြုလုပ်အပြီး နိုဝင်ဘာ ၂၅ နံနက်အစောပိုင်းတွင် ပွဲကော်မတီနှင့် ကျေးရွာ ဒေသခံတို့ ပွဲခင်းသိမ်းနေချိန် ခလရ (၆၈) နှင့် ခလရ (၂၃)တို့ စုပေါင်းအင်အား ၈၀ ခန့်က ကုန်းသာရွာထဲသို့ ဝင်ရောက်လာသည့်အတွက် ကုန်းသာကျေးရွာအတွင်း လမ်းလုံခြုံရေးယူထားသည့် SSPP/SSA တပ်ဖွဲ့နှင့် နံနက် ၆ နာရီ ၁၅ မိနစ်မှ နံနက် ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း လခရတစ်ချို့ကျပြီး ၄ ဦးဒဏ်ရာရသည်ဟု SSPP/SSA က ထုတ်ပြန်သည်။

အဆိုပါ ထိတွေ့တိုက်ပွဲကြောင့် ကုန်းသာကျေးရွာအုပ်စုတွင်း ဒေသခံ ၆၀၀ ခန့် လုံယွန်းဘုန်းကြီးကျောင်းနှင့် သီပေါမြို့အတွင်းသို့ ထွက်ပြေးသိမ်းရှောင်ခဲ့ရပြီး ယခုအချိန်ထိ နှစ်ဖက်စစ်အင်အားဖြည့်ကာ စစ်ရေးတင်းမာနေသည်ဟု သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် ငြိမ်းချမ်းရေးဆွေးနွေးရန် SAC ထံ ယခုနှစ်ကုန်ပိုင်း ဒုတိယခြောက်လအတွင်း လာရောက်တွေ့ဆုံခဲ့သော လက်နက်ကိုင်အဖွဲ့လည်းဖြစ်ပြီး ထိုသို့လာရောက်ဆွေးနွေးသည်မှာလည်း တိုက်ပွဲများကြောင့် ပြည်သူများ ခက်ခဲမည့်ဖြစ်စဉ်ကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းရေးဖြင့် ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဖုန်းဟန်က သျှမ်းသံတော်ဆင့်သတင်းဌာနသို့ ပြောကြားခဲ့ဖူးသည်။

Leave a Reply

Your email address will not be published. Required fields are marked *