October 19, 2024

၂၆. ၁၂. ၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှု များစွာ ရရှိထားတဲ့ မင်းသမီး အကယ်ဒမီ မေသဥ္ဇာဦးရဲ့ သားဖြစ်သူ ကိုမင်းသန်းကျော်ဟာ ဒီဇင်ဘာ ၂၅ ရက် ညပိုင်းက ယာဥ်တိုက်မှုနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

“ဘာမှကို မပြောချင်တော့ပါဘူး သမီးရယ်” လို့ အကယ်ဒမီ မေသဥ္ဇာဦးက MTNews Entertainment ကိုပြောပါတယ်။

ကွန်လွန်ချိန် အသက် ၂၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကိုမင်းသန်းကျော် ကွယ်လွန်ခဲ့ရတဲ့ အဆိုပါ ယာဥ်တိုက်မှုဟာ ဒီဇင်ဘာ ၂၅ ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်က ရန်ကုန်မြို့၊ တာမွေမြိုနယ်၊ ဗညားဒလလမ်းမှာ မော်တော်ယာဥ်က လမ်းလယ်ဓာတ်တိုင် ဝင်တိုက်ရာကနေ ယာဥ်မောင်း ကိုမင်းသန်းကျော် (၂၇ နှစ်) ဟာ ဦးခေါင်းနောက်စေ့စုတ်ပြဲဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ကုသချိန် သေဆုံးခဲ့တာဖြစ်ပါတယ်။

“ဟုတ်တယ်။ ညပိုင်းလောက်က ယာဥ်တိုက်မှုဖြစ်ခဲ့လို့ မင်းသမီး မေသဥ္ဇာဦးရဲ့ သားကြီး ကွယ်လွန်သွားတယ်လို့ သိရတယ်။ တခြား ကိစ္စတွေကိုတော့ သေသေချာချာ မသိရသေးပါဘူး” လို့ အနုပညာအသိုင်းအဝိုင်းက ပြောလာပါတယ်။

သေဆုံးသူ ကိုမင်းသန်းကျော်က ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမေသဥ္ဇာဦးရဲ့ သားအကြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *