October 19, 2024

၂၅.၁၂.၂၀၂၃
Written by KL

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပုန်ခုန်းရပ်ကွက်တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ရည်းစားဟောင်းက ဓားဖြင့်ထိုးသတ်ဖြတ်မှု ဒီဇင်ဘာ ၂၄ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ အသက် ၁၇ နှစ်အရွယ် ကဆုန်းထုဘူက သူငယ်ချင်းများနှင့် ပြန်လာစဥ် ရည်းစားဟောင်းဖြစ်ခဲ့သူ အသက် ၁၇ နှစ်အရွယ် ဒိန်အောင် (ခ)နော်တောင်က ဆိုင်ကယ်ဖြင့် ရောက်လာပြီး ၎င်း၏အိမ်လိုက်လာရန် ပြောဆိုကာ ထွက်ခွာသွားခဲ့သည်။

ကဆုန်းထုဘူက သူငယ်ချင်းများနှင့်အတူ ရည်းစားဟောင်းအိမ်သို့ ရောက်ရှိစဥ် ဒိန်အောင်မှာ အိမ်သာမှထွက်လာပြီး ကဆုန်းထုဘူကို ဓားဖြင့်ထိုးခဲ့ရာ ညာဘက်ရင်အုံတွင် ထိုးသွင်း ဒဏ်ရာ ၁ ချက် ရရှိခဲ့သည်။

ယင်းနောက် ဖျန်ဖြေသူ ဂျာရိန်း၏ ဘယ်ညာပေါင်တို့တွင် ပြတ်ရှ ဒဏ်ရာများရရှိခဲ့သဖြင့် ဓားထိုးခံရသူ နှစ်ဦးကို တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ကဆုန်းထုဘူမှာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ဒိန်အောင်(ခ)နော်တောင်ကို ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၆ ဖြင့် တနိုင်းမြို့မ ရဲစခန်းက အမှုဖွင့်ထားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *