၂၅. ၁၁. ၂၀၂၂
Written by Tha Doe
တရုတ်နိုင်ငံက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုဆင်းရဲတွင်းမှ လွတ်မြောက်ကာ ချမ်းသာလာစေရေးအတွက် လက်တွေ့ကျသည့် လုပ်ဆောင်မှုများလုပ်ဆောင်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က ရေးသားပြီး စံတော်ချိန်သတင်းစာက ဖော်ပြခဲ့မှုကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယနေ့တွင် ထပ်မံဖော်ပြခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ရေးသားသော “တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်များနှင့် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ” ခေါင်းစဉ်ဖြင့်ဆောင်းပါးတွင် Mr.Chen Hai က ”မြန်မာနိုင်ငံနဲ့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအတွက် ဘယ်လိုအခွင့်အလမ်းသစ်တွေ ဆောင်ကြဉ်းပေးမလဲ။ တရုတ်ပုံစံ ခေတ်မီမှု ဆိုတာ ပြည်သူတစ်ရပ်လုံးအတူတကွကြွယ်ဝချမ်းသာရေးကို ဖော်ဆောင်တဲ့ခေတ်မီမှုဖြစ်ပါတယ်။ ကျွန်တော်တို့ဟာပြည်သူ လူထုရဲ့ သာယာကောင်းမွန်တဲ့ လူနေမှုဘဝအပါ် လိုလားတောင့်တမှုအား အကောင်အထည်ဖော်ဆောင်ရေးကို ခေတ်မီ တည်ဆောက်ရေးရဲ့ စမှတ်နဲ့ ရည်မှန်းချက်အဖြစ် သတ်မှတ်ပြီး ပြည်သူတစ်ရပ်လုံး အတူတကွကြွယ်ဝချမ်းသာရေးကို အား စိုက်မြှင့်တင်ကာနှစ်ခြမ်းကွဲမှုမရှိအောင် တားဆီးပါတယ်။ ဆက်တိုက်ကြိုးပမ်းရုန်းကန်ပြီးနောက် တရုတ်နိုင်ငံဟာ အတော် အသင့်ချမ်းသာတဲ့လူ့အဖွဲ့အစည်းကို ဘက်စုံတည်ဆောက်နိုင်ခဲ့ပြီး လူသားသမိုင်းမှာ အကြီးမားဆုံးသောဆင်းရဲနွမ်းပါးမှု ပပျောက်ရေးတိုက်ပွဲကြီးကို အောင်နိုင်ခဲ့ကာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူဦးရေသန်း ၁၀၀ နီးပါးကိုဆင်းရဲတွင်းမှ လွတ် မြောက်စေခဲ့ပါတယ်။ ယခုရက်ပိုင်းမှာကျင်းပတဲ့ G20 ခေါင်းဆောင်များထိပ်သီးအစည်းအဝေးမှာ သမ္မတရှီကျင့်ဖျင် ပြောကြားသကဲ့သို့ပင် နိုင်ငံတိုင်းဟာကောင်းမွန်တဲ့ဘဝမှာ နေထိုင်လိုကြပြီးခေတ်မီမှုဟာနိုင်ငံတစ်နိုင်ငံရဲ့ အခွင့်ထူးမဟုတ်ပါ ဘူး။ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်နေချိန်မှာပဲတရုတ်နိုင်ငံဟာ ဆင်းရဲနွမ်းပါးမှုလျှော့ ချရေးဆိုင်ရာ နိုင်ငံတကာကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်းအာရုံစိုက်နေပါတယ်။ တရုတ်နိုင်ငံရဲ့ Juncao နည်းပညာဟာနိုင်ငံပေါင်း ၁၀၀ ကျော်မှာ အမြစ်တွယ်နေပြီဖြစ်ပြီးစပ်မျိုးစပါးစိုက်ပျိုးရေးကို နိုင်ငံဆယ်နဲ့ချီမှာ ဖြန့်ဝေပေးခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုတို့ ပူးပေါင်းဆောင်ရွက်တဲ့ “အရှေ့အာရှ ဆင်းရဲနွမ်းပါး မှုလျှော့ချရေးဆိုင်ရာစံပြပူးပေါင်းဆောင်ရွက်မှုနည်းပညာအကူအညီပေးရေးစီမံကိန်း”ကလည်း သိသာထင်ရှားတဲ့ရလဒ်တွေ ဖြစ်ထွန်းနေပါတယ်။ တရုတ်-မြန်မာဆင်းရဲနွမ်းပါးမှုလျှော့ချရေးစံပြကျေးရွာများဖြစ်တဲ့ နေပြည်တော်ရှိအေးချမ်းသာရွာနဲ့ မင်းပြင်ရွာကိုခြောက်နှစ်ကျော်ကြာတည်ဆောက်ပြီးတဲ့အခါ ရွာထဲရှိလမ်းများမှာမြေလမ်းမှ ကွန်ကရစ်လမ်းအဖြစ် ပြောင်းလဲ လာခဲ့ပါတယ်။ သစ်လွင်တဲ့ စာသင်ကျောင်းဆောင်များနဲ့ ကျန်းမာရေးဌာနတွေကိုလည်းတည်ဆောက်နိုင်ခဲ့ပါတယ်။ ဆိုလာမီး တွေနဲ့ လမ်းများကိုထွန်းလင်းနေစေပြီးအိမ်တိုင်းမှာသန့်ရှင်းတဲ့ သောက်သုံးရေကိုသောက်သုံးနိုင်လာပါတယ်။ ဥယျာဉ်ခြံမြေ စီးပွားရေးစီမံကိန်းကြောင့် ရွာသူရွာသားတွေဟာအပြင်ထွက်အလုပ်မလုပ်ဘဲဝင်ငွေရှာနိုင်လာပါတယ်။ ကျေးရွာနှစ်ရွာရဲ့ ပတ် ဝန်းကျင် သိသာထင်ရှားစွာတိုးတက်ကောင်းမွန်လာပြီး ရွာသူရွာသားများ အေးချမ်းသာယာစွာနေထိုင် လုပ်ကိုင် စားသောက် ကြပါတယ်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေရဲ့ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံမှာသေးငယ်ပေမယ့် ကောင်းမွန်တဲ့၊ ပြည်သူလူထုကိုအကျိုးပြုတဲ့ စီမံကိန်း ၉၀ ကျော်ကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။ စပါးမျိုးစိတ်ပျိုးထောင်ရေး၊ ကော်ဖီပင်စိုက်ပျိုးရေး၊ စားသောက်ကုန် အချောထည်ပြုပြင်ထုတ်လုပ်ရေး၊ သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင် မှုအတတ်ပညာမြှင့်တင်ရေးစတဲ့ကဏ္ဍတွေမှာမြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီပေးခဲ့ပါတယ်။ အနာဂတ်မှာလည်း တရုတ် နိုင်ငံကဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးနဲ့ လျှော့ချရေး၊ ကျေးလက်ဒေသထူထောင်ရေးဆိုင်ရာအတွေ့အကြုံများကို မြန်မာ နိုင်ငံနဲ့အတူဆက်လက်မျှဝေပြီးမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုဆင်းရဲတွင်းမှလွတ်မြောက်ကာ ချမ်းသာလာစေ ရေးအတွက် လက်တွေ့ကျတဲ့လုပ်ဆောင်မှုများလုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ရေးသားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သဘောတူညီချက်များစွာရှိနေသည့် တရုတ်နိုင်ငံ၏ Belts and Road စီမံကိန်းနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံမှာ အရေးပါသည့် ပွိုင့်တစ်ခုဖြစ်ကြောင်းနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အတူတကွပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် မြန်မာပြည်သူများကို ဆောလျဥ်စွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်းလည်း Mr.Chen Hai က ရေးသားဖော်ပြခဲ့သည်။
“တရုတ်ပုံစံခေတ်မီမှုဟာလူဦးရေ ၁.၄ ဘီလီယံကျော်ရှိတဲ့ ခေတ်မီမှုဖြစ်ပါတယ်။ အနာဂတ် ၁၅ နှစ်အတွင်းတရုတ်နိုင်ငံရဲ့ အလယ်အလတ်ဝင်ငွေရှိအုပ်စုကိုသန်း ၈၀၀ ကျော် ရှိလာစေရမယ်လို့ APEC စီးပွားရေးခေါင်းဆောင်များထိပ်သီး အစည်းအဝေးမှာသမ္မတရှီကျင့်ဖျင် မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့ပါတယ်။ ဒါဟာမြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီး အတွက် ပိုမိုကြီးမားတဲ့ဈေးကွက် ဖော်ဆောင်ပေးပြီးမြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေထွက်ပစ္စည်းများ တရုတ် နိုင်ငံသို့ တင်ပို့မှုတိုးမြှင့်နိုင်ရေးအတွက် အခြေအနေများဖန်တီးပေးပါလိမ့်မယ်။ တရုတ်နိုင်ငံဟာ “The Belt and Road” အတူတကွတည်ဆောက်ရေးကိုအရည်အသွေးမြင့်စွာဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ဆောင်ရွက်ပါမယ်။ လတ်တလောမှာ “The Belt and Road” အဓိကစီမံကိန်းများတည်ဆောက်မှုဆိုင်ရာအောင်မြင်မှုသတင်းများမကြာခဏထွက်ပေါ်လာပါတယ်။ တရုတ်-လာအိုမီးရထားလမ်းစတင်ဖွင့်လှစ်တဲ့ တစ်နှစ်နီးပါးအတွင်းမှာစုစုပေါင်းကုန်စည်ပို့ဆောင်မှုပမာဏတန်ချိန် ၁၀ သန်း ကျော် ရှိခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မှ Sihanoukvilleဆိပ်ကမ်းအကြားအမြန်လမ်းကို အဆင်ပြေချောမွေ့စွာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ သမ္မတရှီကျင့်ဖျင်ဟာဘာလီကျွန်းမှာအင်ဒိုနီးရှားနိုင်ငံသမ္မတ Joko Widodo နဲ့အတူ ဂျာကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့်ရထားစမ်းသပ်ပြေးဆွဲမှုကိုကြည့်ရှုခဲ့ပါတယ်။အဆိုပါစီမံကိန်းများဟာသက်ဆိုင်ရာနိုင်ငံများ ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုဘဝတိုးတက်ကောင်းမွန်စေရေးအတွက် များစွာမြှင့်တင်ပေးပြီး ဒေသတွင်း ချိတ်ဆက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းအထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံဟာတရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ် ပြီး “The Belt and Road” ရဲ့ အရေးပါပွိုင့်တစ်ခုဖြစ်ပါတယ်။ ခရီးစဉ်သစ်မှာမြန်မာနိုင်ငံနဲ့ ဆက်လက်လက်တွဲပြီး “The Belt and Road” နဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံကိုအတူတကွတည်ဆောက်ကာပူးပေါင်းဆောင်ရွက်မှုအကျိုးရလဒ်များဖြင့် မြန်မာပြည်သူများကိုပိုမိုဆောလျင်စွာ၊ ပိုမိုများပြားစွာအကျိုးပြုနိုင်ရန် ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု Mr.Chen Hai က ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတိုးတက်ကောင်းမွန်စေရေး၊ မြန်မာပြည်သူများတိုးတက်ကောင်းမွန်စေရေး အယူ အဆကိုအမြဲလက်ကိုင်စွဲပြီးမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံနှင့်အတူ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးကိုနက်ရှိုင်းစွာဆောင်ရွက်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက် မှုကိုဖော်ဆောင်ကာ နှစ်နိုင်ငံပြည်သူများကို အကျိုးပြုနိုင်ရန် ဆောင်ရွက်မည်ဟုလည်း Mr.Chen Hai က အသိပေးခဲ့သည်။