October 19, 2024

၂၅. ၁၂. ၂၀၂၃

Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆) ရပ်ကွက်၊ စံရိပ်ငြိမ်လမ်းရှိ RC (၂) ထပ်တိုက်တွင် ဒီဇင်ဘာ ၂၅ရက် မွန်းလွဲ ၃ နာရီ ၆ မိနစ်ခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါမီးလောင်မှုမှာ အလျား ၁၈ ပေ၊ အနံ ပေ ၄၀ ရှိ RC (၂) ထပ်တိုက်တွင် Aircon အတွက် မီးအားမြှင့်စက် ဖွင့်ထားရာမှ မီးအားမြှင့်စက် အပူလွန်ကဲပြီးအနီးရှိ ဗီရိုမှ အဝတ်များ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ စစ်ဆေးအတည်ပြုချက်များအရ သိရသည်။

မီးလောင်မှုမှာ မိနစ် ၂၀ နီးပါးလောင်ကျွမ်းခဲ့ပြီး အိမ်အပေါ်ထပ် အမိုးနှင့် ကြမ်းခင်းအနည်းငယ်၊ သံဗီရို ၁ လုံး၊ သံကုတင် ၁ လုံး၊ မီးအားမြှင့်စက်၊ အဲယားကွန်း၊လျှပ်စစ်ဝါယာကြိုးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *