October 19, 2024

၂၅. ၁၂. ၂၀၂၃

Written by Nay Aung

တရုတ်နိုင်ငံအခြေစိုက် Hechuang Automobile ကုမ္ပဏီနှင့် မြန်မာနိုင်ငံအခြေစိုက် Myanmar MNEM Co., Ltd တို့ ကားရောင်းဝယ်ဖြန့်ချိရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးကာ မြန်မာ EV ကားဈေးကွက်အတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့ကြောင်း တရုတ်အခြေစိုက် သတင်းဌာနတွင် ဖော်ပြထားသည်။

Hechuang Automobile ကုမ္ပဏီက ၎င်းတို့သည် Myanmar MNEM ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ပြီးမြန်မာနိုင်ငံသို့ ကားများတင်ပို့ရောင်းဝယ်ခြင်းသာမက မြန်မာပြည်သူများနှင့်ပတ်သက်ပြီး စမတ်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

မြန်မာအစိုးရသည် မြန်မာနိုင်ငံတွင် EV ကားထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် မူဝါဒများ ချမှတ်ဆောင်ရွက်နေပြီး Myanmar MNEM သည် Hechuang Automobile ကုမ္ပဏီနှင့်အတူ မြန်မာ EV ကားဈေးကွက်သို့ ဝင်ရောက်ရန် စီစဉ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Myanmar MNEM နှင့် Hechuang Automobile ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်အရ Hechuang Automobile သည် Hechuang Z03 အမျိုးအစား EV ကား၊ A06အမျိုးအစား EV ကားနှင့် V09 အမျိုးအစား EV ကားများအပြင် အခြား စမတ် EV ကားများကို ထုတ်လုပ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Hechuang Z03 အမျိုးအစား EV ကားသည် SUV အမျိုးအစားကားပုံစံဖြစ်ပြီး အကွာအဝေး ၆၂၀ ကီလိုမီတာ မောင်းနှင်သွားရောက်နိုင်မည်ဖြစ်ပြီး တရုတ် ယွမ် ၁၃၄၈၀၀ နှင့် ယွမ် ၁၈၂၈၀၀ ကြား တန်ကြေးရှိကြောင်းသိရသည်။ ထို့အပြင် Hechuang A06 အမျိုးအစား EV ကားသည် အကွာအဝေး ၆၃၀ ကီလိုမီတာမောင်းနှင်သွားရောက်နိုင်မည်ဖြစ်ပြီး တရုတ်ယွမ် ၁၃၈၀၀၀ နှင့် ၂၆၉၈၀၀ ကြား တန်ဖိုးရှိမည်ဖြစ်ကြောင်း သိရသည်။ Hechuang V09 အမျိုးအစား EV ကားသည် အကွာအဝေး ၇၆၂ ကီလိုမီတာ မောင်းနှင်နိုင်မည်ဖြစ်ပြီး တရုတ်ယွမ် ၄၃၈၈၀၀ အထိ အမြင့်ဆုံးတန်ဖိုးရှိမည်ဖြစ်ကြောင်း သိရသည်။

Ref news.yiche.

Leave a Reply

Your email address will not be published. Required fields are marked *