October 19, 2024

၂၅. ၁၂. ၂၀၂၃

Written By Thandar

Beauty Vlogger လောက ကနေ အနုပညာ သရုပ်ဆောင်လောကထဲရောက်ရှိလာတဲ့ မင်းသမီး နေခြည်ဦးကို ချစ်သူက လက်ထပ်ခွင့်တောင်းခံလိုက်ပြီ ဖြစ်ပါတယ်။

“Yes, I will Marry You ပါ”လို့ သရုပ်ဆောင် နေခြည်ဦးက ဖွင့်ဟလာပါတယ်။

ချစ်ရတဲ့အမျိုးသားဆီက လက်ထပ်ခွင့်တောင်းခံတာကို လက်ခံလိုက်ပြီဖြစ်တဲ့အတွက် သူမရဲ့ လက်ထပ်မင်္ဂလာပွဲကို‌ မကြာခင်ပရိသတ်တွေ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

“ခြည်က အခု အသက် ၃၁ နှစ် ရောက်လာပြီဆိုတော့ အိမ်ထောင်ပြုဖို့၊ မိသားစုဘဝ တည်ထောင်ဖို့ အသက် အရွယ် ရောက်ပြီလို့ ထင်ပါတယ်။ အရင်တုန်းက အိမ်ထောင်မပြုချင်ပေမယ့် အခုတော့ တည်တည်တံ့တံ့ ဖြစ်ချင်ပြီ” လို့ သရုပ်ဆောင် ‌ နေခြည်ဦးက ယခင်မီဒီယာတွေနဲ့ တွေ့ဆုံခဲ့စဥ်က ရင်ဖွင့်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *