October 19, 2024

၂၅. ၁၂. ၂၀၂၃

Written by Ye Kyaw

ပြည်ပတင်ပို့သည့် ပို့ကုန်ရငွေများကို နိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက်ပြန်လည်ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး ပို့ကုန်ရငွေများ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ရမည့်ကာလကို အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် ၄၅ ရက်အစား ၃၀ ရက်သို့လည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် ရက် ၉၀ အစား ၆၀ ရက်သို့ လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ ထုတ်ပြန်သည်။

ထိုအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံခြားသုံးငွေများကို ဗဟိုဘဏ်မှ ဈေးနှုန်းထိန်းချုပ်မှုမရှိဘဲ AD လိုင်စင်ရဘဏ်များအား ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်နှင့် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအား ပြင်ပဈေးကွက်တွင် လွတ်လပ်စွာ ရောင်းချခွင့်တို့ကို ခွင့်ပြုခဲ့ပြီးနောက် ပို့ကုန်ရငွေ ဝင်ရောက်ရမည့် သတ်မှတ်ကာလအား လျှော့ချသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *