October 19, 2024

၂၅. ၁၂. ၂၀၂၃

Translated by Htwe Ko Tun

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မြောက်ပိုင်း၊ ဒိုဘုန်းခရိုင်အတွင်းရှိ တိုက်ခန်းတွဲအဆောက်အအုံတစ်ခုတွင် ဒီဇင်ဘာ ၂၅ ရက် နံနက် ၄ နာရီ ၅၇ မိနစ်အချိန်က မီး လောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ပြောသည်။

မီးက ၂၃ ထပ်ရှိ အဆောက်အအုံ၏ တတိယထပ်မှစတင်ခဲ့ရာ အဆောက်အအုံအပြင်ဘက်ပိုင်းတစ်လျှောက် ၁၇ ထပ်ထိ ဖုံးအုပ်လောင်ကျွမ်းခဲ့ပြီး မီးသတ်သမား ၂၂၂ ဦးခန့်က သုံးနာရီကြာ ငြှိမ်းသတ်ခဲ့ရပြီး အဆောက်အအုံအတွင်း နေထိုင်သူ ၂၀၀ ခန့်ကို ကယ်ဆယ်ခဲ့ရကြောင်းလည်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၃၀ ကျော် အမျိုးသားနှစ်ဦးနှင့် အသက် ၇၀ ကျော် အမျိုးသမီးကြီးတစ်ဦးတို့မှာ နှလုံးခုန်ရပ်ဆိုင်းလျက်ရှိသည်ကို တွေ့ရှိကယ်ဆယ်ခဲ့ပြီး ဆေးရုံသို့ပို့ပေးခဲ့ရသည်။ ဆေးရုံတွင် အမျိုးသား နှစ်ဦးမှာ သေဆုံးနေပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးအမျိုးသမီးကြီးမှာမူ သတိပြန်လည်လာခဲ့ကြောင်း သိရသည်။

အခြားသော ၂၈ ဦးမှာလည်း မီးခိုးများ​လှောင်ပိတ်၍ အသက်မရှုနိုင်တော့ခြင်း အပါအဝင် ဒဏ်ရာထိခိုက်မှုများရခဲ့ကြပြီး ၎င်းတို့အနက် လူ ၂၀ မှာဆေးရုံတွင် ကုသမှုခံယူနေရကြောင်း တာဝန်ရှိသူတို့က ပြောခဲ့ကြသည်။

ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့က မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ref- Yonhap

Leave a Reply

Your email address will not be published. Required fields are marked *