October 19, 2024

၂၆. ၁၂. ၂၀၂၃
Written by Nay Moe

နတ္တလင်းမြို့နယ်၊ သရက်ချောင်းတဲစုကျေးရွာတွင် နွားကျောင်းနေသည့်နွားကျောင်းသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့နယ်၊ သရက်ချောင်းတဲစုကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကိုတိုးတိုးအောင်(၂၂)နှစ်သည် သရက်ချောင်းတဲစုကျေးရွာအနီး၌ နွားကျောင်းနေစဉ် PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ကိုတိုးတိုးအောင်တွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး နတ်လင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၆၀၀ အထက် ပေါ်ပေါက်လာပြီးနောက် ထို PDF ၊ LPDF များက ဒေသကာကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် နေရာအနှံ့မြေမြှုပ်မိုင်းများ ထောင်လာမှုကြောင့် ယခင်က မြေမြှုပ်မိုင်းကင်းစင်သည့် ပြည်နယ်နှင့် တိုင်းများတွင်ပင် နေရာအနှံ့ မြေမြှုပ်မိုင်းမြှုပ်နှံတိုက်ခိုက်ရာနေရာဖြစ်လာပြီး ထိုမြေမြှုပ်မိုင်းများဒဏ်ကို နေ့စဥ်ခရီးသွားပြည်သူများ အဓိက ခံနေကြရသည်။

Leave a Reply

Your email address will not be published. Required fields are marked *