October 19, 2024

၂၃. ၁၂. ၂၀၂၃
Written by Nay Moe

အသက် ၇၀ အရွယ်အဘွားအိုတစ်ဦး နွားစာမြက်ရိတ်နေစဥ် အကြမ်းဖက်အဖွဲ့က တုတ်ဖြင့်ရိုက်သတ်၍ ရွှေနားကပ်လုယက်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၀ မွန်းလွဲ ၁ နာရီခွဲတွင် မြင်းခြံမြို့နယ်၊ ဇီးပင်ကန်ကျေးရွာ၌ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဒေါ်တင်နွယ်(၇၀)နှစ်သည် အဆိုပါကျေးရွာ၏ အနောက်တောင်ဘက် ၃ ဖာလုံခန့် အကွာရှိ လယ်ကွင်းအတွင်း နွားစာမြက်ရိတ်နေစဉ် အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ) ရောက်ရှိလာပြီး တုတ်များဖြင့်ဝိုင်းဝန်းရိုက်နှက်၍ ၎င်းဝတ်ဆင်ထားသည့် ရွှေနားကပ်တစ်ရံအား လုယက် ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်တင်နွယ်တွင် ဦးခေါင်း၊ လည်ပင်းနှင့် မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တာဝန်ရှိသူများက သတ်ဖြတ်သည့် အကြမ်းဖက်အဖွဲ့အား အမှုဖွင့်စစ်ဆေးနေပြီး ဖမ်းဆီးအရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *