October 19, 2024

၂၃. ၁၂. ၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှု ရရှိထားတဲ့ အကယ်ဒမီ စိုးပြည့်သဇင် ကတော့ ကိုယ့်အနုပညာမောင်နှမတွေ ချစ်ခြင်းတရားတွေနဲ့ Sold Out ကြလို့ပီတိဖြစ်ရပြီး ကိုယ်တိုင်ကတော့မ Sold Out သေးပါဘူးလို့ ရင်ဖွင့်လာပါတယ်။

“၂၀၂၃ ခုနှစ်မှာ ကိုယ့်အနုပညာမောင်နှမတွေ တော်တော်များများ Sold Out ကြတာလည်း ကောင်းပါတယ်။ ကိုယ့်ကို ချစ်ခင်ကြတဲ့သူတွေ ပေါင်းဖက်ကြတာဆိုတော့လေ။ ချစ်ခြင်းတရားတွေနဲ့ ပြည့်စုံနေတာမို့ ပီတိလည်းဖြစ်သလို အားလုံးအတွက် Congratulation လို့ ပြောချင်ပါတယ်။ စိုးပြည့်ကိုယ်တိုင်ကတော့မ Sold Out သေးပါဘူး။ စိုးပြည့်က အလုပ်လောဘကြီးအထဲမှာတော့ ပါလားဆိုရင် ကိုယ့်အပေါ်ယုံကြည်လို့ အပ်နှံလာတဲ့ အလုပ်အပေါ်မှာ သေသေချာချာ လုပ်ချင်တယ်။ စိုးပြည့်ကို ပေးအပ်လာတဲ့အပေါ် စိုးပြည့်က အကောင်းဆုံး စေတနာထားတယ်။ စိုးပြည့်ကို ကမ်းလှမ်းလာတဲ့ အလုပ်တွေ ငြင်းလိုက်တဲ့အထဲမှာ စိုးပြည့်မပါဘူးလို့ ထင်တယ်”လို့ အကယ်ဒမီ စိုးပြည့်သဇင်က ပြောပါတယ်။

သူမက အနုပညာနဲ့ပတ်သက်ပြီး ဇာတ်လမ်းတွဲတွေ‌၊ ကြော်ငြာရိုက်ကူးတာတွေ လုပ်ဆောင်နေလျှက် ရှိတယ်လို့ ဆိုပါတယ်။ ဂီတပိုင်းနဲ့ ပတ်သက်ပြီးလည်း သီချင်းသစ်လေးတွေ ဆက် လက်ထွက်ရှိလာဖို့ ပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“စိုးပြည့် နေ့ရက်တိုင်းမှာတော့ အတွေ့အကြုံကောင်းတွေ သင်ယူဖြစ်ပါတယ်။ နှစ်စဉ်တိုင်းလည်း သင်ခန်းစာတွေယူပါတယ်။ ကိုယ် အနုပညာအလုပ်တွေလုပ်လာချိနိမှာ လူအမျိုးမျိုးနဲ့ တွေ့လာရတာတွေရှိတယ်။ စိုးပြည့်က သင်ယူစရာရှိတာလည်း သင်ယူပါတယ်။ ပြောင်းလဲသွားတာ အထွေအထူးတော့ စိုးပြည့်မှာ မရှိဘူးလို့ ထင်ပါတယ်။ ကိုယ် ဝါသနာပါတာတွေ လုပ်နေရင်းနဲ့ မိသားစုအတွက် အလုပ်လုပ်ရင်းနဲ့ ၂၀၂၃ ကို စိုးပြည့်ဖြတသန်းဖြစ်တယ်။ နောက်နှစ်ကိုလည်း ကိုယ်လုပ်ချင်တဲ့ အနုပညာအလုပ်ကလေးတွေ မိသားစုအတွက် လိုအပ်တဲ့ စီးပွားရေးပဲဖြစ်ဖြစ် ကြိုးကြိုးစားစားလုပ်ဖြစ်သွားမှာပါ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *