October 19, 2024

၂၃. ၁၂. ၂၀၂၃
Written by Nay Moe

မူလတန်းပြဆရာမနှင့် အမဖြစ်သူတို့ နေအိမ်တွင် အိပ်ပျော်နေစဥ် PDF ငါးဦးက သေနတ်ဖြင့် လာပစ်၍ နှစ်ဦးစလုံး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၀ ရက် နံနက် ၅ နာရီတွင် ဖြူးမြို့နယ်၊ အကြပ်အင်းကျေးရွာနေ အကြပ်အင်းအခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်စန်းစန်းဝင်း(၅၂)နှစ်နှင့် အစ်မဖြစ်သူ ဒေါ်ဌေးမြင့်(၆၇)နှစ်တို့သည် ၎င်းတို့၏နေအိမ်၌ အိပ်ပျော်နေစဉ် PDF ငါးဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ ၂၀ ရက် နံနက် ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စီကုန်းကျေးရွာနေ သရက်တောအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းလုပ်သားဖြစ်သူ ဦးဝင်းကြွယ်(၄၂)နှစ်သည် ကိုင်းပြင်ကြီးကျေးရွာမှ ၎င်း၏နေအိမ်သို့ ကျေးရွာချင်းဆက်လမ်းအတိုင်း တစ်ဦးတည်းဆိုင်ကယ်ဖြင့် ပြန်လာစဉ် မြန်မာစီကွကျေးရွာထိပ်အရောက် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လိုက်ပါလာသည့် အကြမ်းဖက်သူ အမျိုးသား နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းကြွယ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး လက်ပံတန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *