October 19, 2024

၂၂. ၁၂. ၂၀၂၃
Written by Nay Moe

ရွှေဘိုမြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် PDF သုံးဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက် ပစ်ခတ်၍ သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၀ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ “ပန်တလင်း”ဘုန်းကြီးကျောင်းအနောက်မုခ်ဦးအနီးရှိ လက်ဖက်ရည်ဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြတ်မျိုးထွန်း (၅၁)နှစ်သည် ၎င်းလက်ဖက်ရည်အတွင်း ထိုင်နေစဉ် PDF သုံးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြတ်မျိုးထွန်းကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးကာလ သုံးနှစ်တာအတွင်း ပြည်သူ ၆၇၀၀ ကျော် သေဆုံးထားပြီး ထိုအထဲတွင် ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူ ၁၀၀၀ ကျော် ပါဝင်သတ်ဖြတ်ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *