October 19, 2024

၂၂. ၁၂. ၂၀၂၃
Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်နေသော်လည်း ပြည်တွင်း၌ ဒေါ်လာဈေး တည်ငြိမ်နေသောကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၃၇ သိန်းအထက်သို့ ပြန်လည်မြင့်တက်လာခြင်းမရှိဘဲ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၇ သိန်း၌ပင် ဆက်လက်ဖြစ်ပေါ်နေသည်။

ယခုတစ်ပတ် ဈေးနှုန်းစဖွင့်သည့် ဒီဇင်ဘာ ၁၈ ရက် (တနင်္လာနေ့)တွင် ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စကို ၂၀၂၃ ဒေါ်လာသာ ရှိခဲ့သော်လည်း ယနေ့တွင် တစ်အောင်စကို ဒေါ်လာ ၂၀၅၀ အထိ မြင့်တက်ခဲ့၍ ငါးရက်အတွင်း ကမ္ဘာ့ရွှေဈေး ၂၇ ဒေါ်လာ မြင့်တက်ခဲ့သည်။

ဗဟိုဘဏ်ထိန်းချုပ်မှုမရှိဘဲ လွတ်လပ်စွာ ရောင်းချနေသည့် နှစ်ပတ်ကျော်တွင် ပြည်တွင်း ဒေါ်လာဈေးနှုန်းသည် ၃၅၀၀ ဝန်းကျင်၌ပင် တည်ငြိမ်နေသောကြောင့် ကမ္ဘာ့ရွှေဈေး မြင့်တက်ချိန်တွင် ပြည်တွင်းရွှေဈေး ယခင်ကဲ့သို့ အတက်အကျမြန်ဆန်မှုမရှိဘဲ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၇ သိန်း၌ပင် တည်ငြိမ်လျှက်ရှိသည်။ ကမ္ဘာ့ရွှေဈေး ကျဆင်းခဲ့သည့် ပြီးခဲ့သည့် ငါးရက်အတွင်း ပြည်တွင်းရွှေဈေး ကျပ် ၃၇ သိန်းအောက်သို့ ကျဆင်းမှုများလည်းရှိခဲ့သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ရွှေဈေးနှုန်း ၃,၇၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၀၀ ကျပ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် ရွှေဈေးနှုန်း ၃,၆၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၀၀ ကျပ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ရွှေဈေးနှုန်း ၃,၆၈၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *