October 19, 2024

၂၂. ၁၂. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာ ၁၄ ရက်နေ့အထိ ကျန်းမာရေးနှင့်ပတ်သတ်သော အဆောက် အဦများနှင့်ကျန်းမာရေးဝန်ထမ်းတိုက်ခိုက်ခံရမှု မြင့်တက်လာနေပြီး တိုက်ခိုက်ခံရမှုများကြောင့် ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၃၀ သေဆုံးခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်းဟုဆိုရာတွင် ဆရာဝန်၊ သူနာပြု၊ အရေးပေါ်ကားမောင်းသမား စသည့် ကျန်းမာရေးနှင့် ဆက်နွှယ်သောလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူများကို သတ်မှတ်ခြင်းဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့စည်းတစ်ခုဖြစ်သော Insecurity Insight အဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ကျန်းမာရေးစနစ်(Myanmar’s health care system) တိုက်ခိုက်ခံရမှု အနည်းဆုံး ၃၅၄ ကြိမ်ရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကြောင့် ကျန်းမာရေးနှင့်ပတ်သက်သော ဝန်ထမ်းအနည်းဆုံး ၃၀ သေဆုံးပြီး ကျန်းမာရေးနှင့်ပတ်သက်သောအဆောက်အဦပေါင်းအနည်းဆုံး ၁၃၀ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ကျန်းမာရေးနှင့်ပတ်သက်သောအရာများ တိုက်ခိုက်ခံရခြင်းသည် အကူအညီလိုအပ်နေသောလူနာများကို ထိရောက်သောကုသမှုများ လုပ်ဆောင်နိုင်ရန် များစွာအခက်အခဲ အတားအဆီးဖြစ်စေခဲ့ကြောင်း Insecurity Insight အဖွဲ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံများအနက် ကျန်းမာရေးနှင့်ပတ်သက်သော အဆောက်အဦများ၊ ကျန်းမာရေးဝန်ထမ်းများ အများဆုံးတိုက်ခိုက်ခံနေရသည့် ထိပ်ဆုံး ၅ နိုင်ငံထဲတွင် ပါဝင်နေပြီး ပါလက်စတိုင်းဒေသတွင် ကျန်းမာရေးနှင့်ပတ်သက်သည့်အဆောက်အဦ၊ ဝန်ထမ်းများတိုက်ခိုက်ခံရမှုအများဆုံးဖြစ်ခဲ့ကြောင်း Insecurity Insight အဖွဲ့ က ဆိုသည်။

ထို့အပြင် နိုင်ငံတကာအဖွဲ့စည်းတစ်ခုဖြစ်သော Mapaction-maps အဖွဲ့ကလည်း မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ကျန်းမာရေးနှင့်ပတ်သက်သော အဆောက်အဦ၊ ဝန်ထမ်းများတိုက်ခိုက်ခံရမှု ၁၁၅၈ ကြိမ်ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

Ref :reliefweb

Leave a Reply

Your email address will not be published. Required fields are marked *