October 19, 2024

၂၂. ၁၂. ၂၀၂၃
Written By Thandar

ဒီနေ့ ဒီဇင်ဘာ ၂၂ ရက် ညပိုင်း ဗီယက်နမ်နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပ‌နေတဲ့ Miss Earth 2023 Grand Final အတွက် အရမ်းရင်ခုန်စိတ်လှုပ်ရှားနေရတယ်လို့ မြန်မာကိုယ်စားပြုအလှမယ် ဆောင်းနှင်းစံက MTNews Entertainment ကို ပြောပါတယ်။

“ညီမ ခုညပိုင်း ပြိုင်ပွဲကြီးဆိုတော့ ရင်တော်တော်လေးကို အရမ်းရင်ခုန်စိတ်လှုပ်ရှား‌နေပါတယ်။ ဆရာတွေအားလုံးရဲ့ လမ်းညွှန်ပြသမှုတွေကြောင့် ညီမဒီလိုနေရာအထိ ရောက်လာတာပါ။ ဒီပြိုင်ပွဲအတွက် ညီမ‌ အချိန်တိုလေးအတွင်းမှာ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဆရာတွေကလည်း ဘယ်လို Results ပဲ ရလာရလာ ကျေနပ်တယ်ပြောပါတယ်။ မြန်မာကိုယ်စားပြုအနေနဲ့ ညီမ အခုညမှာ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲကာလက ရက်ရှည်တော့ နေသိပ်မကောင်းတာတောင် ပြိုလဲသွားလို့ မရဘူးဆိုတဲ့စိတ်နဲ့ ရလဒ်ကောင်းရအောင် လုပ်ဆောင်သွားပါမယ်”လို့ မြန်မာကိုယ်စားပြုအလှမယ် ဆောင်းနှင်းစံက MTNews Entertainment ကို ပြောပါတယ်။

အဆိုပါ ပြိုင်ပွဲကို နိုဝင်ဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ အိမ်ရှင်အနေနဲ့ လက်ခံကျင်းပ‌နေပြီး ဒီ ၂၃ ကြိမ်မြောက် Miss Earth 2023 ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၁၁၄ နိုင်ငံက ကိုယ်စားပြုအလှမယ်တွေနဲ့အတူ အလှမယ် ဆောင်းနှင်းစံက အကြိတ်အနယ် ယှဥ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။

သူမဟာ National Costume Competition ပွဲမှာ အုန်းသီးခွံကို အဓိကအခြေခံ မြန်မာမှု ၊ မြန်မာဟန်မပျက်တဲ့ “ပုဂံခေတ် ရေကစားနေသော လှပျိုဖြူမလေး” ဝတ်စုံနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လက်ရှိ Top 12 ကို ဝင်ရောက်နေပြီလည်း ဖြစ်ပါတယ်။

အလှမယ် ဆောင်းနှင်းစံက Miss Earth 2023 ပြိုင်ပွဲကြီးမှာ  Best Appearance Award Voting Photo မှာ Top 3 စာရင်းဝင်ထားသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *